ဒက္ကာ၊ ဇန်နဝါရီ ၂
ထောင်နှင့်ချီသော ဘင်္ဂလားဒေရှ့်ပြည်သူများသည် ရာထူးမှဖြုတ်ချခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစွဲအရေးယူရန် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ရှိတ်ဟာစီနာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကဖြစ်ပွားခဲ့သော ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူ ရာချီသေဆုံးစေရန် အမိန့်ပေးခဲ့သူဖြစ်ကြောင်း စွပ်စွဲခံနေရသည်။
ဒါကာမြို့ရှိ အမျိုးသားအထိမ်းအမှတ်နေရာတစ်ခုဖြစ်သော Central Shaheed Minar တွင် ပြည်သူအများအပြား ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှိတ်ဟာစီနာသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းကဖြစ်ပွားခဲ့သော တက္ကသိုလ်ကျောင်းသားများ၏ ဆန္ဒပြပွဲများကြောင့် ရာထူးမှနုတ်ထွက်ကာ သြဂုတ် ၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ၁၅ နှစ်ကြာအုပ်ချုပ်မှု အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ရှိတ်ဟာစီနာသည် ဇန်နဝါရီလအတွင်းကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရပြီးနောက် ဝန်ကြီးချုပ်အဖြစ် လေးကြိမ်ဆက်တိုက်တာဝန်ယူမည့် အခွင့်ရေးရရှိခဲ့သော်လည်း ဆန္ဒပြပွဲများကြောင့် ပြည်ပထွက်ပြေးခဲ့ရသည်။
ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရသည် ပြီးခဲ့သောသီတင်းပတ်တွင် ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကို ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အိန္ဒိယနိုင်ငံကိုတောင်းဆိုခဲ့ကြောင်း သိရသည်။
ရှိတ်ဟာစီနာသည် ဆန္ဒပြသူများကိုသေဆုံးစေမှု၊ လူသားအပေါ် ရာဇဝတ်မှုကျူးလွန်မှုအပါအဝင် စွဲချက်အများအပြားဖြင့် စွဲချက်တင်ခံရဖွယ်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
aljazeera.com
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားစွဲအရေးယူရန် ဘင်္ဂလားဒေရှ့်ပြည်သူများ တောင်းဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်