လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက် ဘာတာဈေးမီးလောင် ​စျေးဆိုင်ခန်းအားလုံးဆုံးရှုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘာတာ​စျေးတွင် ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက် ၁၂ နာရီက မီး​​လောင်မှုဖြစ်ပွားရာ ​စျေးဆိုင်ခန်းအားလုံး မီး​လောင်ဆုံးရှုံးခဲ့ရ​ကြောင်း သိရသည်။

တစ်နာရီကျော်ခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးအတွင်းရှိ ဆိုင်ခန်းအားလုံး (၁၀၀ ကျော်) မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ မီး​လောင်မှု Level-2 အဆင့်ပါ။ စျေးအတွင်းထဲမှာ လှိုက်လောင်သွားတာပါ။ ​စျေးဆိုင်ခန်းပိုင်ရှင်တွေ ဘာမှပြန်မရတော့ပါဘူး။ ဘယ်​လို မီး​လောင်မှုစတင်ဖြစ်ပွားတယ်ဆိုတာ ​စုံစမ်းစစ်​ဆေး​နေဆဲပါ။ ပျက်စီးဆုံးရှုံးမှုများပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါမီးလောင်မှုသည် သားငါးစျေးတန်းဖက်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ​စျေးမီး​လောင်မှု​ကြောင့် လုံခြုံ​ရေးဝန်ထမ်းများနှင့် ​စျေးတာဝန်ခံများကို သက်ဆိုင်ရာမှ ​ခေါ်ယူစစ်​ဆေး​​နေ​ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက Level2 အဆင့်ထိသတ်မှတ်ပြီး မီးငြှိမ်းသတ်ပေးခဲ့ကာ တစ်နာရီ​ကျော်ခန့်ကြာ မီးငြိမ်းခဲ့ရ​ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာစျေးတွင် ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၃ နာရီ ၅၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ​စျေးဆိုင်ခန်း ၁၀ ခန်း​ကျော် မီး​လောင်ပျက်စီးဆုံးရှုံးခဲ့ရ​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

#ယနေ့ခေတ်

လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက် ဘာတာဈေးမီးလောင် ​စျေးဆိုင်ခန်းအားလုံးဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.