လှိုင်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကျောက်တံတားသမ္ဗာန်ဆိပ်သို့ အေးရွာဘက်မှမောင်းနှင်လာသော သမ္ဗာန်တစ်စီးသည် လှိုင်မြစ်အတွင်း ငါးဖမ်းသင်္ဘောအားတိုက်မိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ ည ၇ နာရီ ၂၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းမြောက်/အနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကျောက်တံတားသမ္ဗာန်ဆိပ်သို့ အေးရွာဘက်မှမောင်းနှင်လာသော သမ္ဗာန်တစ်စီးသည် လှိုင်မြစ်အတွင်း ငါးဖမ်းသင်္ဘောအားတိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သမ္ဗာန်တိမ်းမှောက်သည့်နေရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သမ္ဗာန်ခြောက်စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သမ္ဗာန်ပေါ်တွင်လိုက်ပါလာသော ရေယာဉ်မောင်းအပါ ကိုးဦးအနက် အမျိုးသမီးနှစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

“ ရှာဖွေကယ်ဆယ်ရေးက ဆက်လုပ်နေတယ်။ ဒီည မတွေ့ရင် မနက်မှဆက်ပြီးရှာဖွေမယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြစ်(လှိုင်မြစ်)အတွင်း ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူ ၁၇ ဦးလိုက်ပါလာသည့် သဗ္ဗာန်တိမ်းမှောက်၍ ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

လှိုင်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.