လှည်းတန်းခုံးကျော်တံတားပေါ် ယာဉ်တိုက်မှု ယာဉ်မောင်း​သေဆုံး လူ​လေးဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမ၊ လှည်းတန်းခုံးကျော်တံတားပေါ်တွင် ဧပြီ ၈ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က Pick-up အမျိုးအစားယာဉ်နှင့် SUV အမျိုးအစားယာဉ်တို့ တိုက်မိမှုကြောင့် ယာဥ်​မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

“ လှည်းတန်းခုံးတံတားမှာ ​နေပူရှိန်က အလွန်ပြင်းထန်ပါတယ်။ အဲဒီလို​နေပူရှိန်​ကြောင့် ကပ်တရာ​တွေအရည်​ပျော် လမ်း​ချော်ပြီး ယာဥ်တိမ်း​မှောက်မှုဖြစ်သွားတာပါ။ ယာဥ်​မောင်းတစ်ဦး​သေဆုံးတယ်။ လူ​လေးဦး ထိခိုက်ဒဏ်ရာပြင်းထန်ရတယ်။ ကနဦးအ​ခြေအ​နေပါ။ ရန်ကုန်အ​ရေး​​ပေါ်​ဆေးရုံကြီးကို ကူညီပို့​ဆောင်​ပေးထားပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဥ်​မောင်းအမျိုးသားတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးကို ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကာ ရန်ကုန်​ဆေးရုံကြီး အ​ရေး​ပေါ်ဌာနသို့ ​ဒေသခံ လူမှုကူညီ​ရေးပရဟိတအဖွဲ့များက ကူညီပို့​ဆောင်​ပေးခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

လှည်းတန်းခုံးကျော်တံတားပေါ် ယာဉ်တိုက်မှု ယာဉ်မောင်း​သေဆုံး လူ​လေးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.