လှည်းကူးမြို့နယ်၌ ရပ်ကွက်နှင့် ​ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်

ရန်ကုန်၊ အောက်တိုဘာ ၈

ရန်ကုန်တိုင်း​ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ရပ်ကွက်နှင့် ​ကျေးရွာများအတွင်း ​ရေကြီး​ရေလျှံမှုများဖြစ်​ပေါ်၍ ​​တချို့​ဒေသခံများ ​ရေ​ဘေးလွတ်ရာ ဘုန်းကြီး​ကျောင်းများသို့ ​ရွှေ့​ပြောင်း​နေထိုင်​ကြရကြောင်း သိရသည်။

ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်သည် ၁၀၇ ပေရှိပြီး ​အောက်တိုဘာ ၈ ရက်၊ နံနက် ၁၀ နာရီတွင် ရောက်ရှိနေသည့် တမံရေအမှတ်မှာ ၁၁၁ ပေရှိခြင်းကြောင့် ရေပိုလွှဲမှ ၄ ပေအထိ ရေကျော်နေကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ မ​နေ့ညကတည်းက ရေတက်လာတာ ရေကြီးမှုခံရတဲ့ ရပ်ကွက်အတော်များတယ်။ ရေကြီးလို့ နေလို့မရတော့တဲ့ အိမ်ထောင်စုတွေကို ဘေးကင်းရာကို ရွှေ့ ပြောင်းပေးနေရတယ်။ ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုလည်း များတယ်။ လှည်းကူးမြို့နယ်ထဲမှာ ရေကြီးလို့အခက်ခဲဖြစ်နေတယ်ဆိုလည်း ကျွန်​တော်တို့အဖွဲ့ကို ဆက်သွယ်ဖို့ ဖုန်းနံပတ်တွေနဲ့ ကြေညာထား တယ်။ အလှူငွေလှုချင်တယ်ဆိုရင် လည်း ကျွန်​တော်တို့ဆီ ဆက်သွယ်လို့ရပါတယ်။” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်သူတစ်ဦးက ယ​​နေ့​ခေတ်သို့ ပြော သည်။

အဆိုပါ ငမိုးရိပ်ရေလှောင်တမံ အပါအဝင် လှည်းကူးမြို့နယ်အတွင်းရှိ ရေလှောင်တမံများသည် မိုးရေချိန်မှာ ၄ လက်မကျော်တွင် ရှိနေခြင်းကြောင့် တမံများရှိ ရေပိုလွှဲများမှ ရေ ကျော်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

မြင့်မြတ်​အောင်မြင်

#ယနေ့ခေတ်

လှည်းကူးမြို့နယ်၌ ရပ်ကွက်နှင့် ​ကျေးရွာများအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.