ရန်ကုန်၊ ဧပြီ ၁၁
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဆောက်လုပ်ရေးဝင်းရှေ့တွင် ဧပြီ ၁၀ ရက်၊ ည ၇ နာရီ ၅၀ မိနစ်က လေပြင်းတိုက်ခိုက်မှုကြောင့် နှစ်ချို့သစ်ပင်များနှင့် ဓာတ်တိုင်များပြိုလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ ည ၇ နာရီ ၅၀ မိနစ်က လေပြင်းတိုက်ခိုက်မှု အတော်လေးပြင်းထန်ပါတယ်။ နှစ်ချို့သစ်ပင်နဲ့ ဓာတ်တိုင်တွေပြိုလဲကျတယ်။ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေတာကြောင့် ညတွင်းချင်း အလျင်အမီ ဖြတ်တောက်ရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ လေပြင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။” ဟု လှည်းကူးမြို့နယ်ကြက်ခြေနီအသင်း တာဝန်ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ နှစ်ချို့ပင်များနှင့် ဓာတ်မီးတိုင်များပြိုလဲကျပြီး လမ်းပိတ်ဆို့မှုကြောင့် လှည်းကူးခရိုင်အတွင်းရှိ ကျေးရွာမြို့နယ်အားလုံးနီးပါး လေပြင်းတိုက်ခိုက်မှုဒဏ် အပြင်းအထန်ခံစားခဲ့ရကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – လှည်းကူးမြို့နယ်ကြက်ခြေနီအသင်း
လှည်းကူးတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နှစ်ချို့ပင်များနှင့် ဓာတ်တိုင်များပြိုလဲကျ လမ်းပိတ်ဆို့မှုဖြစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်