ပါရီ၊ ဇူလိုင် ၂
ပြင်သစ်နိုင်ငံ၏ လက်ယာစွန်းရောက်ပါတီဖြစ်သော National Rally ပါတီသည် ပြီးခဲ့သောရက်ပိုင်းတွင်ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်တွင် မဲအများဆုံးအ နိုင်ရခဲ့ရာ ပြင်သစ်လွှတ်တော်ကို ထိန်းချုပ်ရန်နှင့် ပြင်သစ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းရန် အလားလာကောင်းသွားခဲ့ကြောင်း သိရသည်။
National Rally ပါတီနှင့် မဟာမိတ်များသည် ဇွန်လ ၃၀ ရက်နေ့တွင်ကျင်းပသော လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်တွင် ထောက်ခံမဲအရေအတွက် ၃၃ ရာခိုင်နှုန်းရရှိခဲ့ပြီး လက်ဝဲစွန်းပါတီက ထောက်ခံမဲအရေအတွက် ၂၈ ရာခိုင်နှုန်းရရှိခဲ့ကာ ပြင်သစ်သမ္မတ မက်ခရွန်ဦးဆောင်သောပါတီက ထောက်ခံမဲအရေအတွက် ၂၁ ရာခိုင်နှုန်းသာရရှိခဲ့ကြောင်း သိရသည်။
လီပန်ဦးဆောင်သော National Rally ပါတီသည် ပြင်သစ်နိုင်ငံသမိုင်းတွင် လွှတ်တော်ရွေးကောက်ပွဲအတွင်း မဲအများဆုံးရယူနိုင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။
ရွှေပြောင်းနေထိုင်နေသူများကို ဆန့်ကျင့်သော National Rally (RN) ပါတီကို အားပေးထောက်ခံသူများသည် ပါတီခေါင်းဆောင်လီပန်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဇူလိုင် ၇ ရက်နေ့တွင် ထပ်မံကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရန် မျှော်လင့်ထားကြောင်း သိရသည်။
ပြင်သစ်နိုင်ငံသမိုင်းတွင် ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်တွင် လက်ယာစွန်းရောက်ပါတီများ အနိုင်ရခဲ့ခြင်းမျိုး ယခင်ကမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အနိုင်ရခဲ့ရာ သမိုင်းဝင်သွားခဲ့ကြောင်း ချီးကျူးပြောဆိုမှုများရှိနေသည်။
National Rally ပါတီသည် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၅၇၇ ဦးရှိနေသော လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ အနည်းဆုံး ၂၈၉ ဦးရရှိရန်လိုလားနေပြီး ဇူလိုင် ၇ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲဒုတိယအဆင့်တွင် ထပ်မံအနိုင်ရန် အပြိုင်ဆိုင်ကြိုးပမ်းရဖွယ်ရှိနေသည်။
လက်ဝဲစွန်းရောက်ပါတီများနှင့် အလယ်လတ်လမ်းစဉ်ရှိသူများက National Rally ပါတီ အနိုင်ရရှိခြင်းကို ဝိုင်းဝန်းပိတ်ဆို့တားဆီးရန် တိုက်တွန်းတောင်းဆိုနေကြောင်း သိရသည်။
သို့သော်လည်း လီပန်ကတော့ ဇူလိုင် ၇ ရက်နေ့တွင် ထပ်မံကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲ ဒုတိယအဆင့်တွင် ၎င်း၏ပါတီကိုမဲပေးရန် ထပ်မံတိုက်တွန်းထားကြောင်း သိရ သည်။
လီပန်က ၎င်းတို့ပါတီအနိုင်ရခဲ့လျှင် အသက် ၂၈ နှစ်အရွယ်ရှိ ဂျော်ဒန် ဘာဒဲလ်လာကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်မည်ဖြစ်ကြောင်း လူသိရှင်ကြားကြွေးကြော်ထားသည်။
ကောင်းထက်ငွေ
voanews.com
လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်တွင် အနိုင်ရပြီးနောက် National Rally ပါတီက ပြင်သစ်အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်ရန် အလားလာကောင်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်