လွိုင်ကော် သီရိမင်္ဂလာဈေး တစ်ဈေးလုံးနီးပါး မီးလောင်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ကယားပြည်နယ်(ကရင်နီပြည်)၊ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး)၌ ယနေ့ နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးတစ်ခုလုံးနီးပါး မီးလောင်ပျက်စီး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၁ နာရီခန့်တွင် လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေး(တောင်ဈေး)၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ မြို့ထဲမှာက နေတဲ့သူသိပ်မရှိတော့ပါဘူး။ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ သူတို့နေရာယူထားတာ။ ဘယ်သူမှ သိပ်မထွက်ရဲဘူး၊ လောင်တာကလည်း သန်းခေါင်ချိန်လေ။ ဗုံးကျပြီး မီးလောင်သွားတာ ဈေးကကုန်တာပဲ တစ်ဈေးလုံး။ လူတွေ ရင်းနှီးထားတာလေ၊ အကုန်ပါသွားပြီ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း၊ ဗုံးကြဲခံရ၍ ဗုံးကျရောက်ပေါက်ကွဲရာမှ စျေးဆိုင်ခန်းများ မီးလောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွင်း သတင်းဖော်ပြချက်များမှ သိရသည်။

ထိုသီရိမင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်ပြီး Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဈေးတစ်ခုလုံးမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ယနေ့ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ လွိုင်ကော်မြို့ပေါ်အပါအဝင် အနီးတဝိုက်ရှိဒေသများ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်း၊ လေ ကြောင်းဖြင့် ပစ်ခတ်ခံရခြင်းများရှိ၍ ဒေသခံ ၅ သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

#ဂျူဂျူး

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

လွိုင်ကော် သီရိမင်္ဂလာဈေး တစ်ဈေးလုံးနီးပါး မီးလောင်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.