လွိုင်ကော်၊ အောက်တိုဘာ ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ထရမ်စဖော်မာတစ်ခုအောက်၌ အောက်တိုဘာ ၂ ရက်၊ မနက်ပိုင်းက ဓါတ်တိုင်ပေါ်မှဓာတ်ကြိုး တက်ခိုးဖြုတ်ယူသည်ဟု ယူဆရသည့် အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရသည်။
ဓာတ်လိုက်သေဆုံးသူ အမျိုသားသည် အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး ယနေ့ အောက်တိုဘာ ၂ ရက်၊ နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ်ရှိ ဟိုတယ်မင်္ဂလာဝန်းအ တွင်းရှိ ထရမ်စဖော်မာတစ်ခု၌ ဓာတ်လိုက်ပြီး မီးလောင်ကျွမ်းထားသည့် အနေအထားဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုမနက်ဖြစ်တာ။ ထရမ်စဖာပေါ်တက်ပြီး ဓာတ်ကြိုးခိုးရင်းကနေ ဓာတ်လိုက်သေတယ်လို့ တာဝန်ရှိသူတွေယူဆနေတယ်။ သေနေတာတွေ့တော့ ထရမ်စဖာအထဲမှာ တွေ့တာ ပါ။” ဟု ဒေသခံ လူမှုကူညီရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
သေဆုံးသူအမျိုသားအား ရွှေညောင်ပင် လူမှုကူညီရေးအသင်းက လွိုင်ကော်မြို့၊ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် မနက်ပိုင်းကလည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်၊ ဘုရာကြီးလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ လမ်းဘေးဓာတ်တိုင် ပေါ်၌ လျှပ်စစ်ဓာတ်အားကြိုး တက်ရောက်ဖြုတ်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့သေးကြောင်း သိရသည်။
ဝဏ္ဏ
လွိုင်ကော်မြို့၌ ဓာတ်ကြိုးခိုးဖြုတ်သည်ဟု ယူဆရသည့် အမျိုသားတစ်ဦး ဓာတ်လိုက်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်