လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူများတွင် နိုင်ကျဉ်းအနည်းငယ်သာပါဝင် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၄

ယနေ့ ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူများကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ရန်ကုန်(အင်းစိန်)ထောင်မှ လွတ်မြောက်သူများအနက် နိုင်ငံ ရေးအကျဉ်းသား အနည်းငယ်သာပါဝင်ကြောင်း ယနေ့ခေတ်သတင်းဌာနမှ စုံစမ်းသိရှိရသည်။

နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်းကို ယနေ့ခေတ်သတင်းဌာနမှ အပြည့်အစုံမရရှိသေးသော်လည်း အနည်း ငယ်သာပါဝင်ဖွယ်ရှိကြောင်း ပြန်လည်လွတ်မြေက်လာသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ ၅၀၅ က သုံးလေးယောက်ပဲပါတယ်။ နိုင်ကျဉ်းကအများကြီးမပါဘူး။ နည်းတယ်။ ခိုးမှုတွေများတယ်။” ဟု လွတ်ငြိမ်းဖြင့်လွတ်မြောက်လာသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က)ဖြင့် ဖမ်းဆီးခံထားရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သလို၊ ထောင်ဒဏ်တစ်သက်ကျခံနေရသူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲပြီး၊ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၈၀ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသူများတွင် နိုင်ကျဉ်းအနည်းငယ်သာပါဝင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.