လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်းပြန်‌လည်ရရှိစေရေး လုပ်ဆောင်မည်ဟု DKBA ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်းပြန်‌လည်ရရှိစေရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်တွင် DKBA ကထုတ်ပြန်ထားသည်။

ဘုရားသုံးဆူမြို့တွင် တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိကြောင်း ထိုင်းနိုင်ငံအစိုးရ၏ ယုံကြည်မှုရရှိမှသာ ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှုများကို ယခင်အတိုင်း ပြန်လည်လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပြီး ဘုရားသုံးဆူမြို့နေ ပြည်သူများ၏ လူမှုစီးပွားထိ ခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ လျှပ်စစ်မီးလည်းမရတော့ ဒုက္ခရောက်တယ်။ ပိုဆိုးတာက လောင်စာဆီပါမရတော့တာ။ ရှိတဲ့လက်ကျန်လောင်စာဆီတွေကလည်း ဈေးတွေထိုးတက်ကုန်တာပေါ့။ ဘာမှလုပ်မရတော့ဘူး။” ဟု ဘုရားသုံးဆူမြို့မှ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်၌ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ဘုရားသုံးဆူမြို့အပါအဝင် နယ် စပ်မြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ ခြင်းတို့ကို ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ထိုင်းနိုင်ငံအစိုးရက လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို ဖြတ်တောက်ခဲ့မှုကြောင့် ဘုရားသုံးဆူမြို့နေ ပြည်သူများအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ဆက်နွယ်သော လူမှုစီးပွားထိခိုက်နစ်နာမှုများကို ခံစားနေကြရကြောင်း၊ ထိုသို့ထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေရေး တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လာရောက်အခြေချလုပ်ဆောင်နိုင်ခြင်းမရှိစေရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာအနေဖြင့် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#စုစု

ဓာတ်ပုံ – Thiha Lu Lin

#ယနေ့ခေတ်

လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်းပြန်‌လည်ရရှိစေရေး လုပ်ဆောင်မည်ဟု DKBA ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.