ရန်ကုန်၊ မတ် ၂၄
မတ် ၂၄ ရက်(ယနေ့)မှစတင်ကာ ရန်ကုန်တိုင်းရှိ မြို့နယ်များကို လေးနာရီလာ၊ ရှစ်နာရီပျက်ဖြင့် တစ်နေ့ ၈ နာရီလာ၊ ၁၆ နာရီပျက်ပုံစံဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင်းရှိ ဓာတ်တိုင်အချို့ ပျက်စီးချို့ယွင်းသွားခြင်းနှင့် နွေရာသီရောက်လာပြီဖြစ်၍ ပုံမှန်ထက်ဓာတ်အားစနစ်လျော့နည်းသွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။

“ တချို့သက်တမ်းလွန်ဓာတ်တိုင်တွေ ကျိုးကျသွားတာလည်းပါတယ်။ ပြီးတော့ နွေရာသီရောက်လာပြီလေ။ ရာသီဥတုကလည်း ပူလာပြီ။ ရေအားလျှပ်စစ်ကလည်း သိပ်အလုပ်မ လုပ်တော့ဘူး။ ပြီးတော့ ပျက်ဆီးသွားတဲ့ တာဝါတိုင်တွေက ပြင်လို့မပြီးသေးဘူး။ အဲဒါကြောင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားတာ။ ရရင်ရသလို လျှပ်စစ်ကိုဖြန့်ဖြူပေးသွားပါမယ်။” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
A, B, C (၃) အုပ်စုပြန်ဖြစ်သွားသည့်အတွက် ၄ နာရီလာ၊ ၈ နာရီပျက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်အသီးသီး ရှိ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
ယခုအခါ ယခင်ကလေးနာရီပျက်၊ လေးနာရီလာစနစ်ဖြင့် လျှပ်စစ်မီးပေးနေသည့် မြို့နယ်များတွင်လည်း ဓာတ်အားပြတ်တောက်နေကြောင်း၊ ယခုတစ်ကြိမ် လျှပ်စစ်မီးပြတ်တောက်မှုသည် ယခင်ထက်ပိုမိုဆိုးရွားလာကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – YESC
#ယနေ့ခေတ်
တစ်နေ့ ၈ နာရီလာ၊ ၁၆ နာရီပျက်ပုံစံဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်