ဘန်ကောက်၊ နိုဝင်ဘာ ၁၈
တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၊ လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၀၀ ဦးအနက်မှ ၄၁ ဦးသည် နိုဝင်ဘာ ၁၈ (စနေနေ့)တွင် ထိုင်းနိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုင်းနယ်စပ်ဒေသမှ ကီလိုမီတာ ၁၆၀ ကွာဝေးသည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကို ရောက်ရှိနေသည့် အဆိုပါထိုင်းနိုင်ငံသား ၄၁ ဦးသည် မြန်မာအစိုးရ စီစဉ်ပေးသည့် ဘက်စ်ကား ဖြင့် ထိုင်းနှင့် မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို သွားရောက်ခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ၄၁ ဦး မိခင်နိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်နိုင်ခြင်းသည် ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ သက်ဆိုင်ရာအဖွဲ့စည်းများ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့နှင့် စစ် တပ်တို့ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ ထိုင်းနိုင်ငံသား ၄၁ ဦးကို ထိုင်းနိုင်ငံပိုင်နက်အတွင်းသို့ ရောက်ရှိလာချိန်တွင် ထိုင်းစစ်တပ်ကကားဖြင့် Mueang ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းသို့ ထပ်မံခေါ်ဆောင်သွား ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ပြန်လာရောက်လာချိန်တွင် ထိုင်းနိုင်ငံသား ၄၁ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ကနဦးလုပ်ဆောင်ခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများမှ ထိုင်းနိုင်ငံ သား ၄၁ ဦးကို လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ထိုင်းနိုင်ငံသား ၄၁ ဦးတွင် ၃ ဦးသည် ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်း၊ ထိုင်းအာဏာပိုင်များသည် ဖမ်းဝရမ်းထုတ်ခံရသူသုံးဦးကို တစ်ဦးချင်းစီ မျက်နှာအမှတ် အသား အချက်လက်စစ်ဆေးမှုအပါအဝင် ဖမ်းဝရမ်းထုတ်ခံရမှုနှင့် ပတ်သက်ပြီး ဥပဒေအတိုင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုအပြင် အခြားထိုင်းနိုင်ငံသား ၃၈ ဦးကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီးနောက် မိသားစုဆွေမျိုးများထံ ပြန်လွှတ်ပေးဖွယ်ရှိနေ သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ပြီးခဲ့သောလက မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်သုံးဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားလာခဲ့ရာ ထိုင်းနိုင်ငံသားများ တိုက်ပွဲ များအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦး မိခင်နိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်