လောက်ကိုင်နှင့် တရုတ်နယ်စပ်တွင် မိုးရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများ အခက်အခဲများဖြင့် ရင်ဆိုင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ ​လောက်ကိုင်မြို့နယ်နှင့် တရုတ်နယ်စပ်ကြားတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နယ်စပ်စည်းမျဥ်း (၁၂၅)ရှိ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ဒုက္ခသည် တစ်သောင်း​ကျော်​နေထိုင်ရာ ယာယီရွက်ဖျင်တဲများ ​ရေလွှမ်းမှု​ကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံ​တွေ့​နေရ​ကြောင်း စစ်​ဘေးရှောင်ဒုက္ခသည်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ မိုးက အဆက်မပြတ်ရွာ​တော့ ရွက်ဖျင်တဲလည်း ဘယ်တက်နိုင်မလဲ။ မိုးတအားသည်း​တော့ မိုး​ရေထဲမှာ ဒုက္ခမျိုးစုံနဲ့ကြုံ​တွေ့ရတယ်။ က​လေး​တွေ​နဲ့ သက်ကြီး ရွယ်အို​တွေရယ်၊ ကျန်းမာ​ရေးချို့ယွင်းသူ​တွေ အခက်အခဲများနဲ့ ရင်ဆိုင်ကြုံ​တွေ့​နေရတယ်။ ​နောက်ဆုံး မိုး​ရေထဲအိပ်ရတယ်။ အချို့ဆိုရင် အဖျား​ရောဂါဖြစ်​နေတယ်။” ဟု စစ်​ဘေး​ရှောင်ဒုက္ခသည် တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ စစ်​ဘေး​ရှောင်စခန်းများတွင် ရေကြီးရေလျှံမှုကြောင့် မိုးကာများ လုံလောက်မှုမရှိခြင်းနှင့် စားနပ်ရိက္ခာ ဆန်များလည်း ပြတ်လတ်နေပြီး၊ ထမင်းငတ်ခံ​နေသူများလည်းရှိ​နေ​ကြောင်း စစ်​ဘေး​ရှောင်ဒုက္ခသည်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

လက်ရှိ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းနှင့် လောက်ကိုင်-ချင်းရွှေဟော်လမ်းများ ပိတ်ထားခြင်း​ကြောင့် လောက်ကိုင်မြို့တွင် ပိတ်မိနေသူ စစ်​ဘေး​ရှောင် တစ်​သောင်း​ကျော် စားဝတ်​နေ​ရေး အခက်အခဲများ ဖြစ်​​ပေါ်​နေ​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

လောက်ကိုင်နှင့် တရုတ်နယ်စပ်တွင် မိုးရွာသွန်းမှုကြောင့် စစ်ရှောင်စခန်းများ အခက်အခဲများဖြင့် ရင်ဆိုင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.