လောက်ကိုင်တွင် စစ်ဘေး​ရှောင် ၃၅၀၀ ​ကျော် မိုင်းယန်းမြို့သို့ ထွက်​ပြေးတိမ်း​ရှောင်​နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများကြောင့် ​ဒေသခံစစ်ဘေးရှောင်ပြည်သူ ၃၅၀၀ ​ကျော် ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းယန်းမြို့သို့ ထွက်​ပြေးတိမ်း​ရှောင်လာခဲ့ရ​ကြောင်း မိုင်းယန်းမြို့​ရောက် စစ်ဘေး​ရှောင်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ​လောက်ကိုင်နဲ့ ချင်း​ရွှေ​​ဟော်မြို့နယ်​တွေက စစ်ဘေးရှောင်၃၀၀၀ ကျော် နိုဝင်ဘာ ၁၆ ရက်က ရောက်လာတယ်။ (ယ​နေ့) နိုဝင်ဘာ ၁၇ ရက်​နေ့မှာ ၅၀၀ ကျော်လောက် ထပ်မံ ရောက်လာတယ်။ ကုန်တင်ကားနဲ့လာကြတာ။ နှစ်ဘက်တိုက်ပွဲ​ကြောင့် တိမ်း​ရှောင်လာရတာပါ။” ဟု မိုင်းယန်းမြို့​ရောက် စစ်ဘေး​ရှောင်တစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ရှမ်းပြည် နယ်(မြောက်ပိုင်း) လောင်ကိုင်မြို့နယ်နှင့် ချင်းရွှေဟော်မြို့တို့မှ စစ်ဘေးရှောင်ပြည်သူ ၃၅၀၀ ​ကျော်သည် ကုန်တင်ယာဥ်များနှင့် မိုင်းယန်းမြို့ နယ်သို့ ထွက်​ပြေးတိမ်း​ရှောင်လာရခြင်းဖြစ်​ကြောင်း စစ်ဘေးရှောင်ပြည်သူများ၏ ​ပြောဆိုချက်အရ သိရသည်။

#မြင့်မြတ်အောင်မြင်

ဓာတ်ပုံ- CJ

#ယနေ့ခေတ်

လောက်ကိုင်တွင် စစ်ဘေး​ရှောင် ၃၅၀၀ ​ကျော် မိုင်းယန်းမြို့သို့ ထွက်​ပြေးတိမ်း​ရှောင်​နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.