ဖားကန့်၊ မေ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ လေဝါးကျေးရွာတွင် လေးပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စစ်ရှောင်အဆောင်များနှင့် ဘုရားကျောင်းကို ပြုပြင်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများထံမှတစ်ဆင့် သိရသည်။
ဖားကန့်မြို့နယ်ရှိ လေဝါးကျေးရွာတွင် ပြီးခဲ့သည့် မေလ ၅ ရက်က မိုးသက်လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသီးကျခြင်းများကြောင့် စိန်ပေါလ် ကက်သလစ်သီလရှင်ကျောင်းနှင့် စိန်ပေါလ်ဘုရားကျောင်းဝင်းရှိ စစ်ဘေးရှောင်မိသားစုနေအိမ်အဆောက်အဦးများ၊ ရေကန်၊ အိမ်သာများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်ရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဖားကန့်စစ်ရှောင်များကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဓိကကတော့ ငွေကြေးအခက်အခဲပေါ့။ အခုအထိ မပြုပြင်နိုင်သေးတာပါ။ အရေးပေါ်အကူအညီလိုအပ်နေတယ်။ နေထိုင်ဖို့ အမိုးတွေလည်းအများကြီးသလို ရေကန်နဲ့ အိမ်သာအတွက်လည်းလိုအပ်နေတာ။” ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ လေဘေးဒဏ်သင့် စစ်ဘေးရှောင်များသည် စိန်ပေါလ် ကက်သလစ် သီလရှင်ကျောင်းနှင့် စိန်ပေါလ် ဘုရားကျောင်းဝင်းရှိအဆောက်အအုံများတွင် လာရောက်ခိုလှုံနေထိုင်ကြပြီး၊ ကာမိုင်းကျေးရွာနှင့် ရှဒူးဇွတ်ကျေးရွာမှ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ ကျော်အထိရှိကြောင်း သိရသည်။
ခန့်ခန့်
ယနေ့ခေတ်
ဓာတ်ပုံ – စီဂျေ
လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် လဝါးစစ်ရှောင်စခန်းနှင့် ဘုရားကျောင်းပြုပြင်ရန်အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်