လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျ၍ ပိမိသဖြင့် အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၈

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဟာလ်တူးကျေးရွာတွင် ယမန်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး ကျေးရွာအတွင်းရှိ လူနေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျ ပိမိသဖြင့် အဆိုပါနေ အိမ်တွင်နေထိုင်သူ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ မိန်းမကတော့ ခေါင်းမှာထိခိုက်ဒဏ်ရာရသွားတယ်။ သူတို့က အရင်ကမြို့ပေါ်မှာနေတာပါ။ နောက်တော့မှ အခြေအနေအရပ်ရပ်ကြောင့် ရွာထဲပြောင်းလာကြတာ” ဟု ဒေသခံတစ် ဦးက ပြောကြားသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၅၂ နှစ်အရွယ်ရှိ ဦးလောင်ဟွန် ဟုသိရပြီး မိန်းမဖြစ်သူမှာ ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် မတူပီဆေးရုံတွင် ဆေးကု သမှုခံယူလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းက တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှားတောဝရပ်ကွက်တွင် မိုးသက်လေပြင်းများကျရောက်ခဲ့ပြီး အုန်းပင်လဲကျ၍ ပိမိသဖြင့် အမျိုး သားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

နေပိုင်ဇော်

ဓာတ်ပုံ – The Matupi Times

#ယနေ့ခေတ်

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျ၍ ပိမိသဖြင့် အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.