လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် တောင်ကုတ်မြို့မဈေးကြီး ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် နှစ်ဘက်လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများပြင်ထန်နေရာ လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် မြို့မဈေးတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးသူများထံမှ သိရသည်။

တောင်ကုတ်မြို့မဈေးသည် ဈေးဆိုင်ခန်းပေါင်း ၆၀ ခန့်ရှိပြီး၊ ဈေးဆိုင်းခန်းအားလုံး ပျက်စီးသွားကြောင်းနှင့် ညဈေးတန်းဘက်မှ ဆိုင်ခန်းပေါင်း ၂၀ ကျော်ပျက်စီးသွားကြောင်း သိရ သည်။

“ဒီဇင်ဘာလ ၃ ရက်၊ ည ၈ နာရီခန့်က လေကြောင်းကနေပစ်ခတ်ရင်း ထိခိုက်ပျက်စီးခဲ့တာ။ မြို့မဈေးတစ်ခုလုံး ရစရာမရှိအောင်ကို ပျက်စီးသွားတာ။ လူတွေတော့ ထိခိုက်တာမရှိဘူး။” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် တောင်ကုတ်မြို့ရှိ ဂူတာရပ်ကွက်၊ လျှပ်စစ်လမ်းနှင့် သိမ်တောင်ရပ်ကွက်တို့တွင် နေအိမ်များလည်း အပျက်အစီးများခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အောက်တိုဘာလဆန်းမှစတင်ကာ AA တပ်ဖွဲ့ဝင်များက မြို့ကိုဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှ နစကတပ်များနှင့် AA တပ်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

#ခန့်ခန့်
ဓာတ်ပုံ – ဒေသခံတစ်ဦး
#ယနေ့ခေတ်

လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့် တောင်ကုတ်မြို့မဈေးကြီး ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.