လူ ၃၀၀ ခန့်ကို အထူးအစီအစဥ်အ​​နေဖြင့် ပတ်စ်ပို့သက်တမ်းတိုးပေးမည်ဟု စင်္ကာပူရှိမြန်မာသံရုံးထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၄

စင်္ကာ​နိုင်ငံ​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ ပတ်စ်ပို့သက်တမ်းတိုးရန် စာရင်းပေးသူ ၉၀၀ ဦးအနက်မှ လူ ၃၀၀ ဦးကို အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်​ကြောင်း စင်္ကာပူနိုင်ငံရှိ  မြန်မာသံရုံး၏ ဇွန် ၂၃ ရက်၊ ​နေ့စွဲပါ ထုတ်ပြန်ချက်အရ သိရသည်။

ထို့​အပြင် ကျန်ရှိနေသည့် လူ ၆၀၀ ကို သက်တမ်းတိုးဆောင်ရွက်ပေးမည့်နေ့ရက်ကို ဇွန် ၂၆ ရက်တွင် ဆက်လက် ကြေညာပေးသွားမည်ဖြစ်​ကြောင်း မြန်မာသံရုံးတာဝန်ရှိသူ၏ ​ပြောဆိုချက်အရ သိရသည်။

“ စင်္ကာနိုင်ငံထဲမှာ ​ရောက်ရှိ​နေတဲ့ မြန်မာ​​ရွှေ့​ပြောင်းလုပ်သား​တွေကို အထူးအစီအစဉ်အနေနဲ့ ကနဦးလူ ၃၀၀ ကို ပတ်စ်ပို့သက်တမ်းတိုးပေးတာပါ။ ကျန် ၆၀၀ ဦးကိုလည်း ဒီလ ၂၆ ရက်မှာ ထပ်မံ​ကြေညာ​ပေးသွားမှာပါ” ဟု စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ အထူးအစီအစဉ်အနေဖြင့် ပတ်စ်ပို့သက်တမ်းတိုးပေးမည့် လူ ၃၀၀ ဦး၏ အမည်နှင့် အချိန်ကို သံရုံး၏အင် တာနက်စာမျက်နှာတွင်  အသိပေးကြေညာထားပြီး၊ ဆောင်ရွက်သူများသည် သတ်မှတ်ထားသည့်အချိန်အတွင်း လာရောက်ကြရန် မေတ္တာရပ်ခံထား​ကြောင်း သိရသည်။

စင်္ကာပူသံရုံးသည် အွန်လိုင်းချိန်းဆိုမှုစနစ်ဖြင့် လူ ၇၅ ဦးခန့်နှင့် WhatsApp ချိန်းဆိုမှုစနစ်ဖြင့် လူ ၄၅ ဦးခန့်အ တွက် နိုင်ငံကူးလက်မှတ် တိုးချဲ့ဝန်ဆောင်မှုကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး၊ သံရုံးဝက်ဘ်ဆိုဒ်တွင် အွန်လိုင်း ချိန်းဆိုရန်ခက်ခဲခြင်းနှင့် အချိန်ဇယားမရရှိနိုင်ခြင်းတို့ကြောင့် စင်္ကာပူတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားအများအပြားရှိနေ​ကြောင်း စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံး  

လူ ၃၀၀ ခန့်ကို အထူးအစီအစဥ်အ​​နေဖြင့် ပတ်စ်ပို့သက်တမ်းတိုးပေးမည်ဟု စင်္ကာပူရှိမြန်မာသံရုံးထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.