လူမှုကွန်ရက် စာမျက်နှာထက်တွင် ညစ်ညမ်းဗီဒီယိုနှင့် ​တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်လျှင် အရေးယူမည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

အင်တာနက် လူမှုကွန်ရက်စာမျက်နှာထက်တွင် ညစ်ညမ်းဗီဒီယိုနှင့် တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်လျှင် အရေးယူမည်ဟု ဇန်နဝါရီ ၁၃ ရက်​နေ့စွဲဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်​ကြောင်း သိရသည်။

“ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ​တွေမှာ အများပြည်သူ အမြင်မသင့်တဲ့ ညစ်ညမ်းဗီဒီယိုနဲ့ ​တေးသီချင်းများ ရိုက်ကူးထုတ်လွှတ်ခြင်း​တွေကို ထိ​ရောက်စွာ အ​ရေးယူ​ဆောင်ရွက် သွားပါမယ်။ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပ​ဒေနဲ့ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေနဲ့အညီ အ​ရေးယူ​ဆောင်ရွက်သွားပါမယ်။” ဟု ပြန်ကြား​ရေးဝန်ကြီးဌာန မှတာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

လက်ရှိ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများက မိမိတို့ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်ရည်ရွယ်၍ မြန်မာ့ယဉ်ကျေးမှု အ​မွေ အနှစ်များကိုဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန်ပင် မသင့်လျော်သည့် ဟီရိသြတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းဗီဒီယိုများကို ရိုက်ကူးထုတ်လွှင့် နေမှုတချို့ကို စိစစ်တွေ့ရှိခဲ့ရ​ကြောင်း ပြန်ကြား​ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် လူမှုကွန်ရက်စာမျက်နှာထက်တွင် မြန်မာ့ယဉ်ကျေးမှုအ​မွေအနှစ်ကို ဆန့်ကျင်သော၊ ညစ်ညမ်းသောအပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့် ဖော်ပြမှု များနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ပြန်ကြား​ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ​ဖော်ပြထားရှိသည်။

မြင့်မြတ်​အောင်မြင်

ဓါတ်ပုံ – လူမှုကွန်ရက်

လူမှုကွန်ရက် စာမျက်နှာထက်တွင် ညစ်ညမ်းဗီဒီယိုနှင့် ​တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်လျှင် အရေးယူမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.