လုပ်ငန်းခွင်တွင် လက်ညိုးတစ်ချောင်းဆုံးရှုံးသွားသူ မြန်မာလုပ်သားတစ်ဦး ထိုင်းဘတ်နှစ်သိန်း​ကျော် နစ်နာကြေးရ

ရန်ကုန်၊ နိုဝင်ဘာ ၂

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လန်လုကာမြို့ရှိ Thai Service Konlakan Group Co,Ltd (TS K) သံစက်ရုံတွင် လုပ်ကိုင်​နေသည့် မြန်မာအမျိုးသမီး မဇင်မာနွယ်​ဝင်းသည် လုပ်ငန်းခွင်၌ လက်ညိုးတစ်​ချောင်း ဆုံးရှုံးသွားခြင်း​ကြောင့် ထိုင်းဘတ်ငွေ နှစ်သိန်းခွဲကျော် နစ်နာကြေးရရှိခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်‌ရေးကော်မတီ MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့​ ပြောသည်။

အဆိုပါ မြန်မာလုပ်သားအမျိုးသမီး မဇင်မာနွယ်ဝင်းသည် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေချိန် သံရိုက်စက်၏ ချို့ယွင်းမှုကြောင့် ညာဘက်လက်ညိုးတစ်ချောင်း ဖြတ်လိုက်ရပြီး၊ ဆေးကုသစရိတ်ကိုလည်း မိမိကိုယ်ပိုင်ဝင်ငွေမှ ကျခံသုံးစွဲခဲ့ရသဖြင့် လုပ်ငန်းခွင်ထိခိုက်မှုအတွက် ထိုင်းအ​ခြေစိုက် MAHC မဟာမိတ်အဖွဲ့ထံသို့ အကူအညီ တောင်းခံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့​​နောက် မြန်မာလုပ်သားအမျိုးသမီး မဇင်မာနွယ်ဝင်း ထိုက်သင့်သည့် နစ်နာကြေးရရှိစေ​ရန်အတွက် MHAC မဟာမိတ်အဖွဲ့က လိုက်ပါကူညီ ဆောက်ရွက်ပေးခဲ့ရာ နှစ်လ​ကျော် ကြာ စောင့်ဆိုင်းခဲ့ရပြီး လက်ညိုးတစ်ချောင်း၏ နစ်နာကြေး ထိုင်းဘတ်ငွေ ၂၆၀,၁၆၄ ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့​ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်‌ရေးကော်မတီ MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့​ ပြောသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

လုပ်ငန်းခွင်တွင် လက်ညိုးတစ်ချောင်းဆုံးရှုံးသွားသူ မြန်မာလုပ်သားတစ်ဦး ထိုင်းဘတ်နှစ်သိန်း​ကျော် နစ်နာကြေးရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.