လိုအပ်ပါက မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်ခေါ်ရန် ပင်လယ်ပြင်တွင် စစ်သင်္ဘောလေးစင်း ဖြန့်ကြတ်ထားဟု ထိုင်းရေတပ် ဆို

ဘန်ကောက်၊ မေ ၂

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက်လာမည်ဆိုလျှင် မြန်မာနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားများကို အမြန်ဆုံးကယ်ထုတ်နိုင်ရန်အတွက် အန်ဒမန်ပင်လယ်တွင် စစ်သင်္ဘောလေးစင်းကို အဆင့်သင့်အနေထားဖြင့် ဖြန့်ကြတ်ချထားကြောင်း ထိုင်းရေတပ်တပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

အန်ဒမန်ပင်လယ်ပြင်တွင် ဖြန့်ကြတ်ချထားသော သင်္ဘောများထဲတွင် ဖရီးဂိတ်သင်္ဘောများပါဝင်နေကြေင်း သိရသည်။

အန်ဒမန်ကမ်းရိုးတန်းက ထိုင်းအမှတ် (၃) ရေတပ်တပ်ဖွဲ့ ကို HTMS Saiburi အမည်ရှိ ဖရီးဂိတ်စစ်သင်္ဘော၊ HTMS Prachuap Khiri Khan အမည်ရှိ ဖရီးဂိတ်စစ်သင်္ဘောနှစ်စီးအပြင် အခြားစစ်သင်္ဘောနှစ်စီးတို့ကို ဖြန့်ကြတ်ချထားရန် အမိန့်ပေးခဲ့ကြောင်း ထိုင်းရေတပ်ဦးစီးချုပ်က ပြောသည်။

အဆိုပါစစ်သင်္ဘောများသည် လိုအပ်လာမည်ဆိုလျှင် ထိုင်းနိုင်ငံသားများကို အမြန်ဆုံးကယ်ထုတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းရေတပ်ကသတင်းထုတ်ပြန်ထားသည်။

ထိုင်းလုံခြုံရေးအရင်းမြစ်များက လက်ရှိအချိန်တွင် ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြဝတီမြို့တွင် တိုက်ပွဲများဖြစ်ပွားမှုအခြေနေက လျော့နည်းသွားခဲ့ကြောင်း၊ သို့သော်လည်း ထားဝယ်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း ပြောသည်။

ထားဝယ်မြို့သည် ထိုင်းနိုင်ငံ Sai Yok ပြည်နယ် Ban Thai Muang အရပ်ဒေသနှင့် ၁၀ ကီလိုမီတာအကွာတွင်ရှိနေသည့် မြို့ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်နေပြီး နေရပ်စွန့်ခွာသူများကို လိုအပ်သောလူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးရန်စီစဉ်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

thethaiger.com/news

လိုအပ်ပါက မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသားများကို အမြန်ဆုံးပြန်ခေါ်ရန် ပင်လယ်ပြင်တွင် စစ်သင်္ဘောလေးစင်း ဖြန့်ကြတ်ထားဟု ထိုင်းရေတပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.