လိင်တူဆက်ဆံခွင့်ဥပဒေကို အီရတ်လွှတ်တော် ပြန်လည်ပိတ်ပင်

ဘဂ္ဂဒက်၊ ဧပြီ ၃၀

အီရတ်လွှတ်တော်သည် အမေရိကန်စစ်တပ်၏ ကျူးကျော်သိမ်းပိုက်ခံရချိန်က ဖျက်သိမ်းခဲ့သည့် လိင်တူဆက်ဆံခြင်းဥပဒေမူကြမ်းကို လက်ရှိအချိန်တွင် ပြန်လည်သတ်မှတ်ပြ ဌာန်းလိုက်ကြောင်း သိရသည်။

အမေရိကန်၊ ဗြိတိန်နိုင်ငံတို့သည် လိင်တူဆက်ဆံရေးပိတ်ပင်ခြင်းနှင့် လိင်ပြောင်းခြင်းများကို ပိတ်ပင်ခဲ့သော အီရတ်လွှတ်တော်၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

အီရတ်လွှတ်တော်ဥက္ကဌက နိုင်ငံလူအဖွဲ့စည်းတန်ဖိုးကို ကာကွယ်ရန် အရေးပါသောခြေလှမ်းကို စတင်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

လိင်တူဆက်ဆံခြင်း ဥပဒေကိုချိုးဖောက်မည်ဆိုပါက ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အထိ ပြစ် ဒဏ်ပေးခံရမည်ဖြစ်ကြောင်း၊ လိင်တူဆက်ဆံမှုနှင့် အခကြေးငွေယူကာ လိင်ပိုင်းဆိုင် ရာဆက်ဆံမှုများကို ထောင်ဒဏ်ပေးမည်ဖြစ်ကြောင်း အီရတ်လွှတ်တော်က အတည်ပြုလိုက်သော ဥပဒေထဲတွင် သတ်မှတ်ထားသည်။

အီရတ်လွှတ်တော်ဥက္ကဌက ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားခံရခြင်းမှ ကာကွယ်ပေးရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောသည်။

အီရတ်နိုင်ငံတွင် ယခင်က လိင်တူဆက်ဆံခြင်းများကို သေဒဏ်အပြစ်ပေးသည့်အထိ အရေးယူခဲ့ဖူးပြီး၊ ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံကို အမေရိကန်ကျူးကျော်ချိန်တွင် လိင်တူဆက်ဆံမှုပိတ်ပင်ခြင်းကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

လိင်တူဆက်ဆံခြင်းကို အီရတ်နိုင်ငံရှိ ကွန်ဆာဗေးတစ်အယူဆရှိသော ရှီယိုက်လူမျိုးများကြား တားမြစ်ထားပြီး လိင်တူဆက်ဆံခြင်းကို လက်ခံသောလူများကိုလည်း အီရန်နိုင်ငံသားများက ရန်လိုမှုများရှိခဲ့ကြောင်း သိရသည်။

လိင်တူဆက်ဆံသူများ၏ အမှတ်အသားတစ်ခုဖြစ်သော ‘Pride’ flags အလံများကိုလည်း အီရတ်နိုင်ငံအတွင်းဆန္ဒပြခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများရှိခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

theguardian.com

လိင်တူဆက်ဆံခွင့်ဥပဒေကို အီရတ်လွှတ်တော် ပြန်လည်ပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.