လားရှိုး-မူဆယ်သို့သွားသည့် မိုင်းလီလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီပိတ်မိ

ရန်ကုန်၊ ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး- မူဆယ်သွားသည့် မြို့ရှောင်ကွင်းလမ်း၊ မိုင်းလီကျေးရွာအနီး မိုင်းလီလမ်းပေါ် တွင် မော်တော်ယာဉ်များရာနှင့်ချီကာ ပိတ်ဆို့နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

အဆိုပါ မိုင်းလီလမ်းသည် မြေသားလမ်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့နွံများတင်ပြီး ယာဉ်များမောင်း မရဘဲ ဇွန်လ ၁၀ ရက်မှ ယနေ့နံနက်ပိုင်းအထိ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း ဒေသခံယာဉ်မောင်းတစ်ဦးက ပြောသည်။

“မိုးကရပ်သွားလည်းခဏပဲ၊ ခဏခဏရွာနေတာ။ အဲ့တော့ လမ်းကရေတင်၊ ရွှံ့တွေတင်ပြီး မောင်းမရဖြစ်နေတာ။ အခုလမ်းက မြေသားလမ်းလေ။ အရင်ကတည်းကမကောင်းတာ။ မိုးရွာတော့ ပိုဆိုးတာပေါ့။  အခုအထိ ကားတွေရာနဲ့ချီ ပိတ်နေတယ်။ ဆက်သွားရင် အန္တရာယ်ရှိတဲ့အခြေအနေ။” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါလမ်းပိုင်းပေါ်၌ ပိတ်မိနေသည့်ယာဉ်များတွင် ကုန်တင်ယာဉ်အများစုဖြစ်ပြီး၊ မိုးဆက်ရွာပါက ယာဉ်များသွားလာမရဖြစ်ကာ ကုန်စည်ပြတ်တောက်မှုများပါဖြစ်လာနိုင်ကြောင်း ကုန်တင်ယာဉ်မောင်းများက ဆိုသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးသည် နစကတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် မြို့ရှောင်လမ်းများက သွားလာနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ခန့်ခန့်

Photo – CJ

ယနေ့ခေတ်

လားရှိုး-မူဆယ်သို့သွားသည့် မိုင်းလီလမ်းတွင် မိုးရွာသွန်းမှုကြောင့် ကားရာနှင့်ချီပိတ်မိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.