လားရှိုး-မိုင်း​ကျက် ဖြတ်သန်းတည်​ဆောက်ထား​​သော မိုင်း​​ယော်(ဖွန်​ချောင်)သံတံတား ပြိုကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မိုင်းကျက်လမ်း၊ လားရှိုး-မိုင်းကျက်သို့ ဖြတ်သန်းတည်​ဆောက်ထားသည့် မိုင်း​ယော်(ဖွန်​ချောင်း) သံတံတားသည် ဒီဇင်ဘာ ၂၆ ရက်၊ နံနက်အ​စောပိုင်းက ပြိုကျခဲ့​ကြောင်း သိရသည်။

လားရှိုးမြို့နယ်မှ မိုင်းယော်ဘက်သို့ ဖြတ်သန်းသည့် ကုန်တင်ယာဥ်တစ်စီးသည် သံတံတား​ပေါ်က ဖြတ်သန်း​နေချိန် တံတားကျိုးကျသွား‌ခဲ့ကြောင်း သိရသည်။

“ ကုန်တင်ယာဥ်တစ်စီး ဖြတ်သန်း​နေချိန်မှာ မိုင်း​ယော်(ဖွန်​ချောင်)သံတံတား​ နှစ်ချို့ပြီး ခံနိုင်ဝန်နဲ့မမျှဘဲ ပြိုကျပျက်စီးသွားတာပါ။ ကုန်တင်ယာဥ်နဲ့ ယာဥ်​မောင်းကို ကယ်ဆယ်​ရေးအဖွဲ့က ကူညီကယ်ဆယ်​ပေး​ခဲ့ပါတယ်။ ​သံတံတားပြန်လည်ပြင်ဆင်​ရေးကို ​အမြန်ဆုံးဆောင်ရွက်ပါမယ်။ ဒီတံတားကို အ​ထောက်အကူပြုပြီး ကုန်စည်သယ်ဆောင်တဲ့ အဓိကလမ်း ပိုင်းလိုဖြစ်နေတာပါ။” ဟု မိုင်းကျက်လမ်းတံတားပြုပြင်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မိုင်းယော်(ဖွန်ချောင်) သံတံတားသည် ကွမ်းလုံ၊ ကာမိုင်း၊ မိုင်းတင်၊ ပန်ရှော်၊ မန်ပြိန်း၊ ပန်ခမ်း၊ မိုင်းယော်၊ မိုင်းကျက်နှင့် တာပုံရွာတို့ ​နေ့စဥ်ကုန်စည်သယ်​ဆောင်​ရေးအတွက် အရေးပါသည့်တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသံတံတားပြိုပျက်ကျမှုကြောင့် ယာဉ်ပေါ်ပါလာသူ ထိခိုက်မှုမရှိသော်လည်း ဖြတ်သန်းသွားလာမှုကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

#မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

လားရှိုး-မိုင်း​ကျက် ဖြတ်သန်းတည်​ဆောက်ထား​​သော မိုင်း​​ယော်(ဖွန်​ချောင်)သံတံတား ပြိုကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.