လားရှိုး- နမ္မတူလမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရ၍ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် နမ္မတူမြို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ အီနိုင်းတံတားမှာ ယနေ့နံနက်အစောပိုင်းက မိုင်းခွဲခံရ၍ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီအချိန်ခန့်က လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာရှိ အီနိုင်းတံတားတွင် ပေါက်ကွဲသံများ ကျယ်လောင်စွာကြားရပြီးနောက် ယနေ့နံနက်တွင် တံတားကျိုးကျ ပျက်စီးနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ညက ပစ်ခတ်သံနည်းနည်းကြားရပြီး၊ မိုင်းပေါက်ကွဲတဲ့အသံလို ပေါက်ကွဲသံ သုံးကြိမ်လောက်ကြားရတယ်။ မနက် ၃ နာရီလောက်က ပေါက်ကွဲသံတစ်ချက်က တော်တော်ကျယ် တယ်။ အဲ့ဒီနောက်ပိုင်း အသံမကြားရတော့ပဲ ဒီမနက် တံတားပျက်စီးနေတာ တွေ့ရတာ။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မိုင်းခွဲခံရ၍ တံတား၏အလယ်မှ ကျိုးကျပျက်စီးခဲ့ပြီး မည်သည့်ယာဉ်မျှ သွားလာ၍မရတော့ကြောင်း သိရသည်။

အဆိုပါနေရာအနီးတွင် နစကတပ်များနှင့် TNLA လက်နက်ကိုင်အဖွဲ့တို့အကြား ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကြောင်းသိရပြီး တံတားအား မည်သည့်အဖွဲ့က မိုင်း ခွဲဖျက်စီးခဲ့သည်ကို မသိရကြောင်း ဒေသခံများကပြောသည်။ နစကတပ်များနှင့် TNLA လက်နက်ကိုင်အဖွဲ့တို့အကြား ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကြောင်းသိရပြီး တံတားအား မည်သည့်အဖွဲ့က မိုင်းခွဲဖျက်စီးခဲ့သည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။

အီနိုင်းပျက်စီးသွား၍ လတ်တလောတွင် လားရှိုးမှ နမ္မတူနှင့် နမ့်ဆန်မြို့များသို့ သွားလာရခက်ခဲသွားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အလားတူ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းကလည်း သီပေါမြို့နှင့် နမ္မတူမြို့တို့ကို ဆက်သွယ်ထားသည့် မိုးတေတံတား မိုင်းခွဲခံရ၍ ကျိုးကျပျက်စီးခဲ့ပြီး ထိုဒေသတွင် လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်လျက်ရှိနေကြောင်း သိရသည်။

ထို့အတူ နှစ်ဖက်တိုက်ပွဲကြောင့် ဒီဇင်ဘာ ၁ ရက်နေ့က သီပေါ-လားရှိုးလမ်းပေါ် ရှိ စဉ့်အင်တံတား၊ နိုဝင်ဘာ ၁၃ ရက်က သီပေါ-ကျောက်မဲလမ်းပေါ်ရှိ ကျင်သီတံတားတို့ ပျက်စီး ခဲ့ပြီး ယနေ့အထိ ပြင်ဆင်နိုင်မှုမရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ နှစ်လကျော်ကြာ တိုက်ပွဲအတွင်း ဒေသခံလူထု၏ လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသည့် တံတားငါးစင်းထက်မနည်း ဖျက်စီးခံခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – Nay Myo , CJ

#ယနေ့ခေတ်

လားရှိုး- နမ္မတူလမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရ၍ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.