လားရှိုးမြို့ CS ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်ပွား တစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ (၂) ရပ်ကွက် ရှိ CS ဟိုတယ်အနီး၌ ယနေ့ ညနေပိုင်းက ပေါက်ကွဲမှာဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ စက်တင်ဘာ ၁၉ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်၊ စံကောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ CS Hotel အနီး၌ ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

“ ပေါက်ကွဲမှုဖြစ်တာဟုတ်တယ်။ ဘယ်သူဘယ်ဝါလုပ်တယ်တော့မသိ။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ လမ်းသွားလမ်းလာ တစ်ယောက်ကတော့ နေရာမှာတင်သေတယ်။ ငါးယောက်လောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ကားနဲ့တင်နေတာတော့ တွေ့တယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ပေါက်ကွဲမှု​မှာ CS ဟိုတယ်အနီး ရပ်ထားသည့် ဆိုင်ကယ်တစ်စီး၌ ထောင်ထားသည့်ဗုံးမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး နေရာ၌ပင်သေဆုံး ခဲ့ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းမှ လာရောက်လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးသလို သတင်းထုတ်ပြန်လာခြင်းလည်း မရှိသေးပေ။

သြဂုတ် ၆ ရက်ကလည်း လားရှိုးမြို့ရှိ Sunny Hotel နဲ့ ကျောက်မဲမြို့၊ ရပ်ကွက် (၁) ရုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စည်ပင်ဦးစီးနှင့် EPC ဝန်ထမ်းတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – ဂျူနီယာ

#ယနေ့ခေတ်

လားရှိုးမြို့ CS ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်ပွား တစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.