လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာနေပြီဖြစ်ကြောင်း ကိုးကန့်တပ်ဘက်မှ စုံစမ်းသိရှိရသည်။

တဆက်တည်းပင် တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုးကန့်တပ်ခေါင်းဆောင် ဦးဖုန်တားရွှင်လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“ တပ်တွေပြန်ဆုတ်နေတာလည်းမှန်တယ်။ တပ်ခေါင်းဆောင် ဦးဖုန်တားရွှင်ပြန်လွတ်လာပြီဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် တပ်တွေက အကုန်မဆုတ်သေးပါဘူး။” ဟု ကိုးကန့်တပ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နစကနှင့် ကိုးကန့်တပ်တို့ အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့မှတပ်များ ပြန်လည်ဆုတ်ပေးရမည်ဆိုသည့် သဘောတူညီချက်ပါဝင်ကြောင်း သိရသည်။

နစကနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့သည် ဇန်နဝါရီ ၁၈ ရက်တွင်စတင်သည့် အပစ်အခတ်ရပ်စဲရေး တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဇန်နဝါရီ ၂၀ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – MNDAA

#ယနေ့ခေတ်

လားရှိုးမြို့မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.