ရန်ကုန်၊ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်၊ လားရှိုးမြို့ (၅၊၆၊၇)အဝင်လမ်းထိပ်တွင် ကားတစ်စီးက တစ်နှစ်ခွဲ ကလေးတစ်ဦးအား ဝင်တိုက်ခဲ့ရာ ကလေးမှာသေဆုံးခဲ့ပြီး ယဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။
ယမန်နေ့ ညနေ ၄ နာရီ ၁၃ မိနစ်ခန့်တွင် လားရှိုးမြို့နယ်တွင် (၅၊၆၊၇) အိမ်ရာဝန်းရှေ့တွင် တစ်နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး ကလေးငယ်မှာ နေရာတွင် ဦးခေါင်ပွင့်ဒဏ်ရာနှင့် သေဆုံးသွားကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးမှ အသင်းဝင်တစ်ဦ၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့သိရတာက တိုက်ပြေးသွားတယ်လို့ပဲ သိလိုက်ရတယ်။ ကလေးမိသားစုတွေေည်း ရှိတယ်ဗျ။ သိလည်းသိသွာပြီဗျ။ ကလေးက မိန်းကလေပါ။ ကားအမျိုးစားတော့ ကျွန်တော်တို့မသိလိုက်ဘူး။ တိုက်သွားတဲ့နေရာက (၅၊၆၊၇)အစပ်မှာရှိတဲ့ နေရာဆိုတော့လေ။ အဲနားမှာက အိမ်ရာဝန်းလဲရှိတယ်။” ဟု လားရှိုးလူငယ်များ လူမှုကူညီရေးမှ အသင်း ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေးဆုံးသူကလေး၏ ရုပ်အလောင်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့က လာရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နိုုဝင်ဘာ ၈ ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၄၁)လမ်း၊ (၈၆/၈၇)လမ်းကြားတွင် လမ်းလျှောက်နေသူ အမျိုးသားတစ်ဦးကို ကားတစ်စီးကတိုက် ၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လားရှိုး လူငယ်များ လူမှုကူညီရေးအသင်း
လားရှိုးမြို့တွင် တစ်နှစ်ခွဲ ကလေးတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်