လားရှိုးကို နစကသို့ ပြန်ပေးမည်

ရန်ကုန်၊ ဧပြီ ၄

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို နစကထံသို့ ပြန်ပေးမည်ဖြစ်ကြောင်း MNDAA မှ သိရသည်။

လားရှိုးကို နစကသို့ပြန်ပေးသော်လည်း ၎င်းတို့အနေဖြင့် အလုံးစုံထွက်ခွာမည်မဟုတ်ပဲ အုပ်ချုပ်မှုအပိုင်းရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။

“ လားရှိုးကိုပြန်ပေးမှာ မှန်တယ်။ ဒါပေမယ့် တပ်တွေတော့ ပြန်ဆုတ်မယ်။ အုပ်ချုပ်ရေးပိုင်းလူကြီးတွေတော့ ဆက်ရှိနေမယ်။ အုပ်ချုပ်ရေးယန္တရားပိုင်းကိုတော့ ညှိနေတယ်” ဟု MNDAA မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လားရှိုးမြို့ကို ယခု ဧပြီလ ၂၁ ရက်နေ့မတိုင်မီ နစကထံသို့ ပြန်လည်လွှဲပြောင်းရန်စီစဉ်နေပြီး နစကဘက်မှ ဌာနဆိုင်ရာအဖွဲ့အချို့လည်း ဝင်ရောက်နေရာယူသွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

လားရှိုးကို နစကသို့ ပြန်ပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.