ရန်ကုန်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဆန်တစ်အိတ်လျှင်ကျပ် ၃ သိန်းဝန်းကျင်အထိ ဈေးတက်လာပြီး၊ ဆန်ဝယ်ယူရရှိဖို့ပါ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။
လေရှီး၊ လဟယ်ဘက်သွားသည့် လမ်းပိုင်းများတွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များက လမ်းပိတ်ပင်ခြင်း၊ ဆက်ကြေးအဆမတန်ကောက်ခံခြင်းတို့ များပြားလာသည့်အတွက် ဆန်နှင့် အခြားကုန်ပစ္စည်းများ အဝင်နည်းလာကာ ဈေးနှုန်းများမှာလည်း နိုဝင်ဘာလမှ ယနေ့အထိ ဆန်တစ်အိတ်လျှင်ကျပ် ၁၉၀,၀၀၀ မွ ၂၉၅,၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာပြီး ဆန်ပြတ်လပ်သည့်အထိပါဖြစ်ပေါ်လာကြောင်း သိရသည်။
“ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်လောက်ကတည်းက ဆန်ဈေးကတက်တက်လာတာ။ အခုကျတော့ ဒေသမှာ တစ်ခါမှပေါက်ဖူးတဲ့ဈေးအထိ ဖြစ်လာတယ်။ ဆန်ဈေးတက်တာ ကုန်ပစ္စည်းပြတ်လာတဲ့ အဓိကအချက်က ကုန်ကားတွေက အဝင်နည်းလာတာကြောင့်ပါ။ နောက်ပြီးတော့ လက်နက်ကိုင်တွေဘက်က ကောက်တဲ့ငွေကြေးပမာဏကလည်းများတော့ ကုန်ပစ္စည်းတွေမှာ ဈေးကတက်တာပါ။” ဟု ဒေသခံ ဆန်ရောင်းဝင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုအခါ လဟယ်မြို့တွင် ဆန်ဈေးတက်နေသည့်အပြင် စားဆီတစ်ပိဿာ ၂၅,၀၀၀ ကျပ်၊ စက်သုံးဆီတစ်ဂါလံ ၆၅,၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၄၅,၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၄၀,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်စသည့်ဖြင့် ကုန်ပစ္စည်းဈေးများမြင့်တက်နေသည့်အပြင် လိုသလောက်ဝယ်မရသည့် အခြေအနေဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
#ခန့်ခန့်
Photo – CJ
#ယနေ့ခေတ်
လဟယ်မြို့တွင် ဆန်တစ်အိတ်လျှင် ကျပ် ၃ သိန်ဝန်းကျင်အထိ ဈေးတက်လာပြီး ဝယ်ယူရန် ခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်