လယ်ဝေးမြိုနယ်တွင် လင်း ရေသန့်စက်ရုံ မီးလောင် ၈၈ သိန်းခန့်ဆုံးရှုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

နေပြည်တော်၊ လယ်ဝေးမြို့နယ်၌ လင်း ရေသန့်စက်ရုံတွင် အရက်ဆီထုတ်ရာမှတဆင့် မီးလောင်မှုဖြစ်ပေါ်ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်က လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာတွင် လင်း ရေသန့်စက်ရုံအတွင်း အရက်ဆီထုတ်ရာမှတဆင့် မော်တာပွင့်၍ မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီး အမျိုးသား နှစ်ဦး ဒဏ်ရာရရှိကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လင်း ရေသန့်စက်ရုံထဲမှာက အရက်ဆီပုံးတွေထားတယ်။ အဲဒီက အလုပ်သမားက အရက်ဆီပုံးကို ဖွင့်တာ။ အဲဒီမှာမော်တာပွင့်ပြီး မီးလောင်တာ။ ဝန်ထမ်းနှစ်ဦး ဒဏ်ရာထိခိုက်မှု တော့ရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၈၈ သိန်းခန့်ရှိတယ်ဗျ။” ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါမီးလောင်မှုသည် နံနက် ၁၀ နာရီခန့်တွင် စတင်ခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ ငွေသောင်ဖြူ (၁) ရပ်ကွက်၊ သဲပုံစေတီအနီးရှိ နေအိမ်တစ်လုံး မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ခဲ့ရာ နေအိမ်အလုံး ၅၀ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၆၀ မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-MFDS

#ယနေ့ခေတ်

လယ်ဝေးမြိုနယ်တွင် လင်း ရေသန့်စက်ရုံ မီးလောင် ၈၈ သိန်းခန့်ဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.