ရန်ကုန်၊ ဧပြီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်း-တောင်ကြီးသွားလမ်း၊ သရက်ပုရွာအနီးတွင် ဧပြီ ၈ ရက်၊ ည ၁၀ နာရီက ကားပျက်၍ပြင်နေစဥ် အမျိုးသားတစ်ဦး လမ်းထွက်လျှောက်ချိန် အမည်မသိကားတစ်စီး ဝင်တိုက်ပြေးထွက်သွားခြင်းကြောင့် လမ်းလျှောက်သူ အမျိုးသားသေဆုံးသွားခဲ့ကြောင်း အောင်ပန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ကားပျက်လို့ အမျိုးသားတစ်ဦးက ကားပြင်နေတာ တွေ့မိသေးတယ်ဗျ။ သူပြင်နေရင်း ညောင်းညာကိုက်ခဲလို့ လမ်းထွက်လျှောက်နေချိန်မှာ အရှိန်ပြင်းထန်စွာနဲ့ အနောက်က ဝင်တိုက်ခံရပြီး သေဆုံးသွားတာပါ။ တိုက်တဲ့ကား ပြေးထွက်သွားပါတယ်။ သေချာမမှတ်မိလိုက်ရပါဘူး” ဟု ကားတိုက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေညောင်မြို့ခံ ပြည်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အနောက်မှ အရှိန်ပြင်းပြင်းထန်ထန် တိုက်မောင်းပြေးသွားခဲ့ခြင်းကြောင့် ကားတိုက်ခံရသူသည် ရွှေညောင်မြို့နေသူ အမျိုးသားတစ်ဦးဖြစ်ပြီး ကားတိုက်ခံရခြင်းကြောင့် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အောင်ပန်းဆေးရုံ အရေးပေါ်ဌာနမှ တောင်ကြီးစဝ်စံထွန်းဆေးရုံကို ဆက်လက်လွဲပြောင်းရာ လမ်း၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – အောင်ပန်း နာရေးကူညီမှုအသင်း
ရှမ်းတောင်တွင် လမ်းလျှောက်နေသူ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်