လမ်းတွင်ပိတ်မိနေသည့် ရေထွက်ကုန်များကို နီးစပ်ရာမြို့များ၌ ရောင်းချနေရ ဟုဆို

ရန်ကုန်၊‌ နိုဝင်ဘာ ၃

တရုတ်ဘက်သို့တင်ပို့မည့် ရေထွက်ကုန်များသည် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပိတ်မိနေပြီး ကုန်သည်များအနေဖြင့် နီးစပ်ရာမြို့များ၌ ရောင်းချနေရကြောင်းသိရသည်။

“ တိုက်ပွဲတွေစဖြစ်ကတည်းက လမ်းပိတ်တော့ ပျက်စီးလွယ်တဲ့ သစ်သီးတို့၊ ဂဏာန်းနဲ့ ငါးရှဉ့်တို့ကို ကားရောက်တဲ့နေရာမှာ ရတဲ့ဈေးနဲ့ အရှုံးခံပြီးရောင်းနေကြရတယ်။ အဲဒီ လိုမှမရောင်းရင်လည်း အကုန်ပစ်ရတော့မှာ။” ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားသည့်အတွက် ကုန်သည်များအရှုံးပေါ်နေကြကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်မြောက်ပိုင်း ဒေသအချို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သည့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်သည့် အတွက် ကုန်ကားများ ပိတ်မိနေခြင်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲမဖြစ်ပွားခင် အောက်တိုဘာ ၂၆ ရက်အထိ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃၆၅ ဒသမ ၉၂၈ သန်းရရှိထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မှ တရုတ်နိုင်ငံဘက်သို့ နယ်စပ်ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ရေးဇုန်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိုင်းတုံ နယ်စပ်ကုန် သွယ်ရေးစခန်းများဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

လမ်းတွင်ပိတ်မိနေသည့် ရေထွက်ကုန်များကို နီးစပ်ရာမြို့များ၌ ရောင်းချနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.