လပွတ္တာမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွား ငါးဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်တွင် ကူးစက်ဝမ်းရောဂါဖြစ်ပွားနေပြီး ငါးဦးသေဆုံးခဲ့ကြောင်း လပွတ္တာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်မှ ၂၀ ရက်အထိ လပွတ္တာမြို့နယ်တွင် လူ ၈၀ ဝန်းကျင် ပြင်းထန်းဝမ်းရောဂါကူးစက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကာ၊ ဆေးကုသမှုခံယူနေရသည့်လူနာ ၅၀ ဝန်းကျင်အထိရှိကြောင်း သိရသည်။

“ဝမ်းရောဂါကူးစက်ခံရသူ ပိုများလာတယ်။ ဝမ်းရောဂါဖြစ်ရတဲ့အကြောင်းက အစားအသောက်ကြောင့်မဟုတ်ဘူး။ အိမ်သာကြောင့်လို့ယူဆပါတယ်။ ကလေးတွေချည်းပဲဖြစ်နေတာမဟုတ်ဘူး။ အရွယ်စုံ အမျိုးသားတွေပါဖြစ်နေတာ။” ဟု လပွတ္တာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်နီးစပ်သူက ပြောသည်။

လပွတ္တာမြို့နယ်တွင် ကုက္ကို၊ ကညှင်ကွင်းနှင့် အမတ်ကြီး စသည့်ကျေးရွာအုပ်စုများရှိ ကျေးရွာခွဲ ၈ ရွာခန့်တွင် ဝမ်းရောဂါကူစက်မှု အများဆုံးဖြစ်ပေါ်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် လပွတ္တာမြို့နယ်အပြင် အခြားမြို့နယ်များတွင်လည်း ဝမ်းရောဂါကူးစက်မှုများရှိနေကြောင်း အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ကျန်းမာရေးဌာနနှင့်နီးစပ်သူများထံမှ သိရသည်။

#ခန်ခန့်

Photo – CJ

#ယနေ့ခေတ်

လပွတ္တာမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွား ငါးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.