လပွတ္တာမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်ခံရပြီး  အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရ

လပွတ္တာ၊ မေ ၁၈

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့ ၊ အမှတ်(၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံ လက်ပစ်ဗုံးဖြင့်ပစ်ခတ်ဖောက်ခွဲခံရမှုကြောင့်  အုပ်ချပ်ရေးအဖွဲ့ဝင်နှစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

မေလ ၁၅ ရက်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခံရမှုကြောင့် အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦးဖြစ်သော ဦးကျော်ရင်နှင့် ဦးဘာဘူတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

“ ရုံးထဲမှာ လူတွေရှိနေတဲ့အချိန် ဆိုင်ကယ်နဲ့လာပစ်သွားတာလို့ သိရတယ်။ ဗုံးကလူတွေအနားမကျလို့ အခုလောက်ပဲဖြစ်တာ။ ဗုံးထိသွားတဲ့သူတွေက အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်တွေပါ။ပြင်းထန်တဲ့ ဗုံးစထိမှန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတာ။” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးအဖွဲ့များ လာရောက်စစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးတည်ရှိသည့် ရပ်ကွက်အတွင်းကအိမ်များကို လိုက်လံစစ်ဆေးခဲ့ပြီး ကျူးလွန်သူများကိုဖမ်းဆီးနိုင်ရန် ဒေသခံများပူးပေါင်းပါဝင်ရန် တိုက်တွန်းသွားခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ကလည်း လပွတ္တာမြို့ အမှတ်(၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၏နေအိမ်အနီးတွင် ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

လပွတ္တာမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်ခံရပြီး  အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.