လက်လုပ်ဗုံးဟုယူဆရသည့် အရာတစ်ခုပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂

ပြင်ဦးလွင်မြို့တွင် လက်လုံးဗုံးဟုယူဆရသော အရာတစ်ခုအား ထိုးဖွင့်ရာမှ ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း လုံခြုံရေးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်၊ နေ့လည် ၁ နာရီဝန်းကျင်က ပြင်ဦးလွင်မြို့နယ်၊ တိုးကြီးကုန်းကျေးရွာတွင် ပစ္စည်းဟောင်းရောင်းဝယ်သူ အသက် ၃၇ နှစ်အရွယ်ရှိ ဦးအောင် မြင့်ဦးဆိုသူမှာ ပစ္စည်းဟောင်းများထဲမှပါလာသော သံပိုက်ဖြင့်ပြုလုပ်ထားသည့် အရာတစ်ခုအား ဓားဖြင့်ထိုးဖွင့်ရာမှ ရုတ်တရက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်သေဆုံး သွားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်ဦးမှာ မျက်နှာပေါက်ပြဲ၊ ရင်ဘတ်ပေါက်ပြဲ၊ ညာဘက်လက်မောင်းနှင့် လက်ဖဝါးပေါက်ပြဲ၊ ညာဒူးအောက်ပိုင်းပေါက်ပြဲ၊ ညာခြေချောင်းပြတ်ထွက်၊ ဘယ်လက်ချောင်းပြတ်၊ ဘယ်ဒူးနှင့် ခြေသလုံး ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

ထို့နောက် အခင်းဖြစ်နေရာမှ ဓားတစ်ချောင်း၊ ပလာယာတစ်လက်နှင့် ပေါက်ကွဲထားသော သံတိုသံစများအားတွေ့ရှိခဲ့ပြီး ရုပ်အလောင်းအား ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

နေပိုင်ဇော်

ဓာတ်ပုံ – Google

#ယနေ့ခေတ်

လက်လုပ်ဗုံးဟုယူဆရသည့် အရာတစ်ခုပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.