လက်ဘနွန်စစ်ပွဲ အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် အမေရိကန်ကြားဝင်စေ့စပ်ပေးရန် အစ္စရေးအစိုးရလက်ခံ

တဲလ်အဗစ်၊ နိုဝင်ဘာ ၂၈

အစ္စရေးအစိုးရက လက်ဘနွန်စစ်ပွဲကို အပစ်အခတ်ရပ်စဲရေးရရှိရန်အတွက် အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေးရန်ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုကာလအတွင်း ဆီးရီးယားနှင့် လက်ဘနွန်နယ်စပ်ဒေသတစ်လျှောက်တွင် အစ္စရေးစစ်တပ်ကို လွတ်လပ်စွာလှုပ်ရှားခွင့်ပေးရမည်ဆိုသောအချက်လည်းပါဝင်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်ပိုင်ရေဒီယိုက ဟစ်ဘိုလာသည် လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ အစ္စရေးနိုင်ငံရှိ နေရာအများအပြားကို နိုဝင်ဘာ ၂၄ ရက်နေ့က ဒုံးကျည်အစင်းပေါင်း ၃၅၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ အဆောက်အဦးအများအပြားတွင် နေထိုင်နေသူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင်ရှိသူက အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ  Al-Hadath, Haret Hreik, Al-Ghobeiry နှင့်  Burj al-Barajneh အရပ်ဒေသများတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ကြောင်း ပြောသည်။

ဟစ်ဘိုလာအဖွဲ့သည် အစ္စရေးနှင့် ဟားမက်စ်ကြားစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ဟစ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုများကို စက်တင်ဘာလအတွင်းမှစတင်ပြီး အရှိန်မြင့်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်ရာ နိုင်ငံတကာအဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရကလည်း အစ္စရေးနှင့်ဟစ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ပြီး လက်ရှိအချိန်တွင် အစ္စရေးဘက်က အမေရိကန်နိုင်ငံ ကြားဝင်စေ့စပ်ပေးမည့်အစီအစဉ်ကို လက်ခံခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

#ကောင်းထက်ငွေ

shafaq.com/en

#ယနေ့ခေတ်

လက်ဘနွန်စစ်ပွဲ အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် အမေရိကန်ကြားဝင်စေ့စပ်ပေးရန် အစ္စရေးအစိုးရလက်ခံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.