လက်နက်များနှင့်အတူဖမ်းမိသည့် လူငယ်သုံးဦးကို နှစ်ရှည်ထောင်ဒဏ်များချမှတ်

ဒေးဒရဲ၊ မေ ၂၄

ဧရာ၀တီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ လက်နက်များနှင့်အတူ ဖမ်းဆီးခံထားရသည့် လူငယ်သုံးဦးကို ဖျာပုံခရိုင်တရားရုံးမှ မေလ ၁၆ ရက်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူများသည် ကိုလှိုင်မျိုးကျော်၊ ကိုစိုးမိုးနှင့် ကိုငှက်ကလေးတို့ဖြစ်ပြီး၊ ကိုလှိုင်မျိုးကျော်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ကိုစိုးမိုးနှင့် ကိုငှက်ကလေးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ကိုလှိုင်မျိုးကျော်ကတော့ တစ်ကျွန်းချခံရတယ်။ ကျန်နှစ်ဦးကတော့ နှစ်ရှည်ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခံခဲ့ရတယ်။ သူတို့အားလုံးကို ဖေဖော်ဝါရီလထဲမှာ သက်ဆိုင်ကဖမ်းဆီးခဲ့တာပါ။ လက်နက်တွေနဲ့အတူတွေ့ရှိတာကြောင့် အကြမ်းဖက်ဥပဒေနဲ့အမှုဖွင့်ပြီး အခုလိုအမိန့်ချတာ။” ဟု အကျဉ်းထောင်နှင့်နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလည်း ဖျာပုံမြို့တွင် PDF တပ်ဖွဲ့ဝင်ဆိုသူ ၁၄ ဦးကို သက်ဆိုင်ရာကဖမ်းဆီးခဲ့ပြီး ဖျာပုံခရိုင်တရားရုံးက ဖမ်းဆီးခံရသည့်ဒေသခံ ၁၄ ဦးထဲမှ ၇ ဦးကို သေဒဏ်များချမှတ်ခဲ့ပြီး၊ ၇ ဦးကိုနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သေးကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

လက်နက်များနှင့်အတူဖမ်းမိသည့် လူငယ်သုံးဦးကို နှစ်ရှည်ထောင်ဒဏ်များချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.