ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် မျှော်လင့်သလောက် ကောင်းမွန်မည်မဟုတ်ကြောင်း ကမ္ဘာဘဏ်၏ ထုတ်ပြန်ချက်များအရ သိရ သည်။
မြန်မာနိုင်ငံ၏ ဂျီဒီပီနှုန်းသည် လာမည့်နှစ်မတ်လတွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိဘဏ္ဍာနှစ်အတွင်း ၄ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသာ ရှိတော့မည်ဖြစ်ကြောင်း ကမ္ဘာဘဏ်က ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကုန်သွယ်ရေးနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် စီးပွားရေးအခက်ခဲများ ရှိနေခဲ့သလို အမေရိကန်ဒေါ် လာ လိုအပ်ချက်ကြောင့် လည်း သွင်းကုန်များအပေါ် ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ကမ္ဘာဘဏ်က ဖော်ပြထားသည်။
ကမ္ဘာဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သော မာရီယမ် ရှာမန်က “ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေနေတွေဟာ ယိုယွင်းလာနေတယ်။ အနာဂတ်အတွက်လည်း မရေရာမှုတွေ ပိုတိုးလာနေတယ်။ ပြည်သူတွေဟာ အစားစာဈေးနှုန်းမြင့်တက်နေခြင်းရဲ့ သက်ရောက်မှုတွေကို ဆိုးရွားစွာခံစားနေရတယ်။” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ စီးပွားရေးကို သက်ရောက်မှုဖြစ်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော အောက်တိုဘာလမှစတင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်လာခဲ့ရာ လူပေါင်း ၅ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း၊ တိုက် ပွဲများသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံများဖြစ်သော ထိုင်း၊ အိန္ဒိယ နယ်စပ်နားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ စီးပွားရေးတိုးတက်မှုများအပေါ် ထပ်မံသက်ရောက်မှုများ ဖြစ်လာခဲ့ကြောင်း ကမ္ဘာဘဏ်က ဖော်ပြထားသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကောင်းမွန်မည်မဟုတ်ဟု ကမ္ဘာဘဏ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်