ရှေ့သို့ချီပါတီဦးဆောင်နေသော ၈ ပါတီညွှန်ပေါင်းအဖွဲ့မှ နုတ်ထွက်ပြီး ညွှန်ပေါင်းအဖွဲ့ အသစ် တည်ထောင်မည်ဟု ဖြူထိုင်းပါတီ သတင်းထုတ်ပြန်

ဘန်ကောက်၊ ဩဂုတ် ၂

ထိုင်းရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံးရရှိထားသော ဖြူထိုင်းပါတီအနေဖြင့် ၈ ပါတီညွှန်ပေါင်းအဖွဲမှ နုတ်ထွက်ပြီး အစိုးရအသစ်ဖွဲ့စည်းနိုင်ရန် ညွှန်ပေါင်းမဟာမိတ်အသစ်ကို ထပ်မံဖွဲ့စည်းသွားဖွယ်ရှိနေကြောင်း ဖြူထိုင်းပါတီခေါင်းဆောင် Chonlanan Srikaew က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖြူထိုင်းပါတီသည် ရှေ့သို့ချီပါတီ Move Forward ဦးဆောင်သော ၈ ပါတီ ညွှန်ပေါင်းမဟာမိတ်အဖွဲ့တွင် ပါဝင်ခဲ့သော်လည်း ပါတီများကြား ဟန်ချက်ညီမှု နည်းပါးခြင်းကြောင့် မကြာသေးမီက ကျင်းပရန်စီစဉ်ထားသည့် ညွှန်ပေါင်းအဖွဲ့ အစည်းအဝေးနှစ်ခုကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ဖြူထိုင်းပါတီခေါင်းဆောင်က ၎င်းတို့အနေဖြင့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲတွင် ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက်ကို အားပေးထောက်ခံခဲ့ကြောင်း၊ သို့သော် လည်း ရှေ့သို့ချီပါတီ၏ ထိုင်းဘုရင်စနစ်ကို ဝေဖန်သူများအပေါ် ပြစ်ဒဏ်ပေးသည့် ပုဒ်မ ၁၁၂ကို ပြင်ဆင်မည့်ကိစ္စကြောင့် ပီတလင်ဂျာရို အမ်ရက်ကို အထက်လွှတ်တော်ကိုယ် စားလှယ်များနှင့် အခြားပြိုင်ဘက်ပါတီများက အားပေးထောက်ခံခြင်းမရှိခဲ့ကြောင်း ပြောသည်။

၎င်းက “ ဖြူထိုင်းပါတီဟာ ညွှန်ပေါင်းအဖွဲ့ကနုတ်ထွက်ပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ အခြားပါတီတွေနဲ့ ညွှန်ပေါင်းဖွဲ့စည်းဖို့ ရှိနေပါတယ်။” ဟုပြောသည်။

ထိုင်းနိုင်ငံရေးပါတီအချို့နှင့် အထက်လွှတ်တော်ကိုယ်စားလှယ်များက ဖြူထိုင်းပါတီအနေဖြင့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းနေသည့် ရှေ့သို့ချီပါတီနှင့် မဟာ မိတ်အဖြစ်ဆက်ရှိနေမည်ဆိုလျှင် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ဖြူထိုင်းပါတီက အမည်စာရင်းတင်သွင်းမည့် ကိုယ်စားလှယ်ကို အားပေးထောက်ခံမည်မဟုတ်ကြောင်း ပြီးခဲ့ သောရက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

၈ ညွှန်ပေါင်းအဖွဲ့အတွင်းမှ ထွက်မည်ဆိုသော ဖြူထိုင်းပါတီ၏ ဆုံးဖြတ်ချက်ကို ရှေ့သို့ချီပါတီ အားပေးထောက်ခံသူများအပါအဝင် ပြည်သူအချို့က နှစ်သက်ခြင်းမရှိဘဲ ဖြူထိုင်း ပါတီရုံးချုပ်တွင် ဆန္ဒပြခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြူထိုင်းပါတီသည် ရွေးကောက်ပွဲတွင် အောက်လွှတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၁၄၁ ဦးရယူနိုင်ခဲ့သော ဒုတိယမဲအများဆုံး အနိုင်ရသောပါတီဖြစ်သည်။

ဖြူထိုင်းပါတီအနေဖြင့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ရန်အတွက် အထက်လွှတ်တော်အပြင် အခြားနိုင်ငံရေးပါတီများ၏ ထောက်ခံမှုကိုရလိုပါက ၈ ပါတီညွှန်ပေါင်းအဖွဲ့မှ နုတ်ထွက် ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိကြောင်း သိရသည်။

ကောင်းထက်ငွေ

nationthailand.com

ရှေ့သို့ချီပါတီဦးဆောင်နေသော ၈ ပါတီညွှန်ပေါင်းအဖွဲ့မှ နုတ်ထွက်ပြီး ညွှန်ပေါင်းအဖွဲ့ အသစ် တည်ထောင်မည်ဟု ဖြူထိုင်းပါတီ သတင်းထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.