ရန်ကုန်၊ ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း သုံးလကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံခုနစ်သောင်းကျော် ဆက်လက်စစ်ရှောင်လျက်ရှိကြောင်း ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသာ ပအို့ဝ်လူငယ်အဖွဲ့အစည်း(Pa-O Youth Organization)၏ ယမန်နေ့ညပိုင်းက ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေနှင့် လွိုင်လင်မြို့တို့တွင် တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ ရက်နေ့မှ ယခုလ ဧပြီလ ၂၀ ရက်နေ့အထိ ရက်ပေါင်း ၉၁ ရက်အတွင်း ဆက်လက်စစ်ရှောင်နေရသူ ၇၁,၁၅၀ ဦးနှင့်အထက်တွင်ရှိကြောင်း သိရသည်။
“ ရှမ်း/တောင်မှာဆို တခြားမြို့နယ်တွေထက် ဆီဆိုင်မှာတိုက်ပွဲဖြစ်တာ အဆိုးရွားဆုံးပဲ။ ဒီနေ့အထိလည်း နှစ်ဖက်ပစ်ခတ်မှုတွေရှိနေလို့ အိမ်မပြန်ရဲကြသေးဘူး။ တချို့လည်း တိုက်ပွဲငြိမ်ပြီဆိုပြီး အိမ်ပြန်ရင်း အပစ်ခံရသူတွေလည်းရှိတော့ နေရပ်ပြန်တာ အန္တရာယ်များတဲ့ အခြေအနေမှာရှိနေတယ်။ ရှမ်း/တောင်တစ်ခုလုံးမှာဆို ဆီဆိုင်မှာ စစ်ရှောင်နေရတဲ့ ပြည်သူအများဆုံးပဲ။ ဆီဆိုင်ပြီးရင်တော့ ပင်လောင်းနဲ့ ဟိုပုံးဘက်မှာလည်း စစ်ရှောင်တွေများတယ်။” ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီနေသူတစ်ဦးက ပြောကြားသည်။

ဒေသတစ်ခုလုံးတွင် စစ်ရှောင်ခုနစ်သောင်းကျော်ရှိသည့်အနက် ဆီဆိုင်မြို့နယ်တွင် စစ်ရှောင် ၅၃,၀၀၀ ကျော်၊ ပင်လောင်းမြို့နယ်တွင် ၁၅,၀၀၀ ခန့်နှင့် ဟိုပုံးမြို့ နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် ၃၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲကြောင့် သုံးလအတွင်း အရပ်သား ၆၆ ဦးသေဆုံး၍ ထိခိုက်ဒဏ် ရာရရှိသူ ၇၉ ဦးရှိကာ အဆောက်အအုံပေါင်း ၆၀၆ လုံးပျက်စီးခဲ့ကြောင်း PYO အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ၏ ယခုလအ တွင်းထုတ်ပြန်ချက်တွင် နိုင်ငံတဝန်း စစ်ရှောင်နေရသည့်ပြည်သူ ၂ ဒဿမ ၈ သန်းအထိ ရှိလာကာ လက်နက်ကိုင်ပဋိပက္ခအခြေအနေသည် တိုင်းနှင့်ပြည် နယ်အများအပြားတွင် အရှိန်မြင့်တက်နေကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – CJ
ပုံစာ – ဆီဆိုင်မြို့နယ်မှ စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။
ရှမ်း/တောင်တိုက်ပွဲများကြောင့် ဒေသခံခုနစ်သောင်းကျော် ဆက်လက်စစ်ရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်