ရန်ကုန်၊ နိုဝင်ဘာ ၁၀
ရှမ်းမြောက်တိုက်ပွဲကြောင့် မူဆယ်လမ်းကြောင်း ပိတ်ထားသည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-ကျိုင်းတုံ-မန္တလေး လမ်းပိုင်းမှတစ်ဆင့် တရုတ်ကုန်စည်များကို တင် သွင်းနေကြရပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ငါးဆခန့်မြင့်တက်သွားကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
အဆိုပါလမ်းကြောင်းမှတစ်ဆင့် သယ်ယူပါက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ မန္တလေးမြို့ထိအရောက် သုံးပတ်ခန့် အနည်းဆုံးကြမြင့်ကြောင်း သိရသည်။
“ ရွှေလီကနေ တိုက်ရိုက်မှာပြီး တရုတ်ဘက်ကနေ မိုင်းလားလမ်းဘက်ကို ပတ်ဝင်တာပေါ့။ ကားကြီးတွေတော့ သွားလို့မရဘူး။ လမ်းကြောင်းက ကုန်ကျစရိတ်များတော့ အရေးတ ကြီးလိုတဲ့ ကုန်တွေပဲ မှာကြတာများတယ်။ ကုန်ကျစရိတ်အရမ်းများတော့ သိပ်တော့မကိုက်ဘူး။” ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါလမ်းကြောင်းသည် ကုန်တင်ကားအကြီးများ ဝင်ရောက်လို့မရသည့်အတွကိ ကားအသေးများဖြင့်သာ သယ်ယူနေကြရကြောင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင် စန်းကျော့ ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များသည် လက်ရှိအချိန်အထိ ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
ရှမ်းအရှေ့ဘက်မှ ကုန်ပစ္စည်းများ သယ်ယူရခြင်းကြောင့် စရိတ်ငါးဆခန့် မြင့်တက်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်