ရန်ကုန်၊ နိုဝင်ဘာ ၁၈
ရှမ်ပြည်နယ်မြောက်ပိုင်တွင် တိုက်ပွဲများကြောင့် အဓိကလမ်းမကြီးများ ပျက်စီးနေရာ ဒေသခံများက စစ်ရှောင်လမ်းများကို အသုံးပြုနေကြရသည်။ သို့သော် ယခုရက်ပိုင်းအတွင် အဆိုပါဒေသများတွင် မိုးများရွားသွန်းကာ လမ်းများပျက်စီးနေခြင်းကြောင့် ဒေသခံများမှာ ခရီးလမ်းပမ်းအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ယမန်နေ့ နေ့လည်ပိုင်းက မူဆယ်-နမ့်ခမ်း-မိုင်းဝီး-နမ်မတူ တောလမ်းပိုင်းများတွင် မိုရွာသွန်မှုကြောင့် တောလမ်းများမှာ သွားလာရန်ခက်နေကြောင်း ကမ်းလက် လူမှုကူညီရေးမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိသည်။
“အရင်ကတော့ ဒေသခံတွေက ဒီလမ်းကနေ သွားစရာတော့မလိုဘူး။ လမ်းမကြီးကနေပဲ သွားလာလို့ရနေတာဆိုတော့ သွားလာကြတော့ပေါ့။ အခုတိုက်ပွဲတွေကြောင့် လမ်းတွေက ပိတ်ထားတော့ တောလမ်းတွေကပဲ သွားနေရပေါ့။” ဟု ကမ်းလက် လူမှုကညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်ပြည်နယ်၊ မြောက်ပိုင်လမ်းမကြီးမှာ တိုက်ပွဲများကြောင့် လမ်းနှင့် တံတားများပျက်စီနေပြီး ဒေသခံများ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
“လမ်းမကြီးများမှာ တိုက်ပွဲတွေဖြစ်တယ်။ တံတာတွေချိုးထားတယ်။ သွားလာလို့ မရဘူး။ သွားလာလို့ရတဲ့နေရာကနေ သွားတယ်။ မူဆယ်-နမ့်ခမ်း-မိုင်းဝီး-နမ်မတူတို့ကသွားတာ။ လားရှိုးကို လာမလား၊ မန္တလေးကို လာမယ်ဆို ရှမ်းတောင်ဘက်ကနေ ပတ်ထွက်ပြီး အဲ့လိုမျိုးပေါ့။ အခုလမ်းကို သွားလာမယ်ဆို 4 Wheel နဲ့မှရမှာ ဒါတောင်မသေချာဘူး လမ်း က။” ဟု ကမ်းလက်လူမှုကူညီရေးအသင်းမှ အသင်းတင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ အမည်ဖြင့် တိုက်ပွဲများဖော်ဆောင်နေခြင်းကြောင့် လမ်းပမ်း ဆက်သွယ်ရေးများ ပျက်စီးနေပြီး ဒေသခံများ သွားလာရခက်ခဲမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
ဓာတ်ပုံ-ကမ်းလက်လူမှုကူညီရေးအသင်း (မူဆယ်)
Chit Chit Khaing
ရှမ်းမြောက်တွင် ရာသီဥတုကြောင့် စစ်ရှောင်လမ်းများ ပျက်စီးနေသဖြင့် ဒေသခံများအခက်ကြုံ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်