ရှမ်းမြောက်တိုက်ပွဲများအတွင်း ကြက်ခြေနီကားတစ်စီး ကျည်ထိမှန်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် ယနေ့အထိတိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် စစ်ဘေးရှောင်များစောင့်ရှောက်ရေး ကြက်ခြေနီအသင်းကားတစ်စီး ကျည်ထိမှန် ခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ ၅ နာရီခန့်က မူဆယ် ၁၀၅ မိုင်ကြားတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်စောင့်ရှောက်ရေး ကြက်ခြေနီကားတစ်စီး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပရဟိတ အသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဒီနေ့တော့ ကြက်ခြေနီအသင်းကား ပစ်ခံရတယ်။ ဒီနေ့ကတော့ မနေ့ကထက် ဆိုးတယ်။ တိုက်ပွဲက စစ်ဘေးရှောင်တွေက ဒီနေ့ သူတို့အစီစဉ်နဲ့သူတို့ ဆိုင်ကယ်တွေနဲ့ ထွက်လာကြ တယ်။ ကျွန်တော်တို့အသင်း ကားသုံးစီးတော့လွှတ်တယ်။ တုန်ခမ်းရေကြောင်းအကျော် မူဆယ်မရောက်ခင်နားမှာ သေနတ်သံတွေ ကြားလို့ ရှေ့ဆက်သွားလို့မရဘူး။ ပြန်လှည့်လာ ခဲ့ရတယ်။” ဟု ဒေသခံပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် ယနေ့အချိန်ထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ယနေ့ နေ့လည်တွင် ရဟန်းသံဃာနှင့် စစ်ဘေးရှောင် ၃၀၀ ကျော်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများပြင်းထန်မှု့ကြောင့် စစ်ဘေးရှောင်များပိတ်မိနေပြီး လူမှုကူညီရေးအသင်းများက သွား ရောက်ကူညီခေါ်ဆောင်လျက်ရှိရာ နှလုံးလှ လူမှုကူညီရေးအသင်းမှကားတစ်စီး ကျည်ထိမှန်ပြီး အသင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ကမ်းလက်လူမှုကူညီရေးအသင်း (မူဆယ်)

#ယနေ့ခေတ်

ရှမ်းမြောက်တိုက်ပွဲများအတွင်း ကြက်ခြေနီကားတစ်စီး ကျည်ထိမှန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.