ရှမ်း‌ပြည်မြောက်ပိုင်းရှိ ဘဏ်အချို့ ယာယီပိတ်ထား၊ ပြန်ဖွင့်မည့်ရက် ကြေညာပေးမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြည်တွင်းဘဏ်အချို့ ပိတ်ထားရပြီး ပြန်ဖွင့်မည့်နေ့ကို ကြိုတင်အသိပေး ကြေညာပေးသွားမည်ဖြစ်ကြောင်း ယနေ့ခေတ်မှ စုံစမ်းသိရှိရသည်။

“ အခုကတော့ပိတ်ထားပါတယ်။ အောက်တိုဘာ ၃၁ ရက်ကစပြီး ပိတ်ထားတာပါ။ ပြန်ဖွင့်မယ့်နေ့ကို တရားဝင် page (အွန်လိုင်းစာမျက်နှာ) တွေမှာ ကြေညာပေးသွားမယ်” ဟု ပြည်တွင်းဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဧရာဝတီဘဏ်မှ ၎င်းတို့၏ဘဏ်ခွဲများဖြစ်သည့် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် နောင်ချိုရှိဘဏ်များကို ပိတ်ထားပြီး အလားတူ KBZ ဘဏ်နှင့် CB ဘဏ်များ လည်း ပိတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ‌ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

ထို့ပြင် တိုက်ပွဲများကြောင့် ကုန်သွယ်မှုပြုလုပ်နေသည့် အဓိကလမ်းပိုင်းအချို့ ပျက်ဆီးဆုံးရှုံးမှုများရှိသလို လက်ရှိအချိန်အထိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း သည်လည်း ရာနှုန်းပြည့်ရပ်တန့်နေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ရှမ်း‌ပြည်မြောက်ပိုင်းရှိ ဘဏ်အချို့ ယာယီပိတ်ထား၊ ပြန်ဖွင့်မည့်ရက် ကြေညာပေးမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.