ရှမ်းပြည်နယ်(အရှေ့ပိုင်း) လွိုင်မွေဒေသ၌ ချယ်ရီပန်းပွဲတော် ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၄

လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းရှမ်းပြည်နယ် (အရှေပိုင်း)ရှိ လွိုင်မွေဒေသ၌ တတိယအကြိမ်မြောက် ချယ်ရီပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ ပြီးခဲ့တဲ့အခေါက်တွေတုန်းကတော့ ချယ်ရီပန်းပွင့်တဲ့ကာလမှာ ပွဲတော်ကာလကို ၅ ရက်သတ်မှတ်ပြီး ကျင်းပပါတယ်။ အခုကကျတော့ တိတိကျကျမသတ်မှတ်ရသေးဘူး။ ဘာ လို့ဆို ပန်းပွင့်ဖို့စုံတဲ့အချိန်ကို မှန်းရတာနဲ့ ပန်းရဲ့ပွင့်တဲ့အနေအထားပေါ်မူတည်ပြီး ပြုလုပ်ရတာဖြစ်တဲ့အတွက်။” ဟု ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောသည်။

အဆိုပါ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ဒုတိယအကြိမ် ထပ်မံပြုလုပ်ဖြစ်ခဲ့ပြီး ယခုအခါ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းဒေသတွင် အင်္ဂလိပ်လက်ထပ်၌စိုက်ပျိုးခဲ့သည့် ချယ်ရီပန်းပင်များရှိသလို ခေတ်အဆက်ဆက်စီမံချက်ဖြင့် စိုက်ပျိုးခဲ့သည့် ချယ်ရီပင်များရှိကာ စုစုပေါင်း ချယ်ရီပင်တစ်ထောင်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများပွင့်ကြသော်လည်း လွိုင်မွေဒေသကဲ့သို့ ချယ်ရီပန်းများ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာသည် ရှားပါးကြောင်း၊ လွိုင်မွေတောင်စခန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၅၄၂ တွင်တည်ရှိပြီး အထင်ကရ လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ် စသည့်အမှတ်တရ ဓာတ်ပုံ ရိုက်ကူးသည့်နေရာ များပြားသည့်အပြင် ဆောင်ရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်လာရောက် လည်ပတ်သူများပြားကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) လွိုင်မွေဒေသ၌ ချယ်ရီပန်းပွဲတော် ကျင်းပမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.