ရန်ကုန်၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာ ၂၆ ရက် (ယနေ့)အထိ စစ်ဘေးရှောင်ဒုက္ခသည် ၁၃၀၀ ကျော်သည် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေကြောင်း ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“လတ်တလော ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ပြည်သူ ၁၃၀၀ ကျော် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေပါတယ်။ အခုလောလောဆယ် စားဝတ်နေရေးအတွက် ဆန်ပြုတ်ကြိုသောက်ပြီး တစ်နေ့တာဝမ်းရေးကို ဖြေရှင်းနေရတယ်။” ဟု ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်များအား ယာယီခိုနားခွင့်ပြုထားပြီး အခြားသော စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၃၅၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရကြောင်း သိရသည်။
ဓါတ်ပုံ-ကျောင်းခမ်း ဘုန်းတော်ကြီးကျောင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စစ်ဘေးရှောင်ဒုက္ခသည် ၁၃၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်