ရန်ကုန်၊ မတ် ၂
တရုတ်နိုင်ငံဘက်မှတင်သွင်းသည့် ကုန်စည်များ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှတဆင့် မန္တလေးအထိ နားလည်မှုဖြင့် ဝင်ရောက်လာနေပြီဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
သို့သော် ကုန်စည်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သည် ယခင်ထက် ပိုမိုကုန်ကျသည့်အပြင် ခန့်မှန်းချိန်ထက် ပိုမိုကြာမြင့်သည့်အတွက် ကုန်သည်များအတွက် အခက်အခဲရှိကြောင်း သိရသည်။
“ တရားဝင်တော့မဟုတ်ပေမယ့် နှစ်ဖက်နားလည်မှုနဲ့ သွားနေကြတာပေါ့။ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ကုန်သည်တွေနဲ့ ညှိနှိုင်းသွားကြတယ်။ သတ်မှတ်ကုန်ကျစရိတ်ထက်ပိုကုန်တော့ မကိုက်ဘူး။ လမ်းကြောင်းအခြေအနေကလည်း ကြာတာပေါ့။ သွားတာတော့ သွားနေကြပြီ။” ဟု မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
တရုတ်နယ်စပ်ဂိတ်မှ မန္တလေးအထိ ကုန်စိမ်းကားတစ်စီးလျှင် ကျပ်သိန်း ၃၀၀ ရှိကြောင်း၊ စားသောက်ကုန်ကိုသာ အဓိကဦးစားပေးဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးသည်လည်း ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။
#စုစု
ဓာတ်ပုံ – google (ပုံဟောင်းဖြစ်ပါသည်)
#ယနေ့ခေတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)မှတဆင့် မန္တလေးအထိ တရုတ်ကုန်စည်များ ဝင်ရောက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်