ရှမ်းပြည်တောင်ပိုင်းတွင် ရေကြီးမှုမှုဖြစ်ပွားပြီး ကားလမ်းပေါ်ရေကျော် ယာဉ်များသွား လာမရဖြစ်နေ

ရှမ်းပြည်၊ ဩဂုတ် ၁၈

ရှမ်းပြည်နယ်၊(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်တွင် ရက်ဆက်မိုးရွာသွန်းနေခြင်းကြောင့် တောင်ကျရေများ ထိုးဆင်းလာပြီး ရေကြီးရေလျံဖြစ်ပွားကာပြည်ထောင်စုလမ်းမကြီးအပေါ် အထိ ရေကျော်နေခြင်းကြောင့် ယာဉ်များသွားလာမရဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်မှစတင်ပြီး ရက်ဆက်မိုးရွာသွန်းနေခြင်းကြောင့် ပန်ကေတုချောင်းရေ မြင့်တက်လာပြီး ပြည်ထောင်စုလမ်းမကြီးပေါ်အထိ ရေများကျော်တက်နေခြင်း ကြောင့် ကားများ၊ ဆိုင်ကယ်များအပြင် မည်သည့်ယာဉ်မျှ သွားလာမရဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ မိုးက ဒီနေ့နဲ့ဆို ၃ ရက်လောက်အထိရှိနေပြီ ရက်ဆက်ရွာနေတာ။ တောင်ကျရေတွေက တဟုန်ထိုးဆင်းနေတယ်။ မိုးက တစ်ရက်လေးမှ မရပ်သွားဘူး။ အခုတော့ ရေကတစ်ရိပ် ရိပ်တက်လာပြီး။ ကားတွေ၊ ဆိုင်ကယ်တွေ ဖြတ်သွားလို့မရတော့ဘူး။ ခုမနက်အထိရွာနေတုန်း။ ကားတချို့ပိတ်နေတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ပန်ကေတုရွာနှင့် အခြားပတ်ဝန်းကျင်ကျေးရွာများတွင်လည်း နေအိမ်ရာချီရေနစ်နေပြီး မိုးဆက်ရွာလာပါက ရေလျံမှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်ကလည်း အဆက်မပြတ်သွန်းနေသည့် မိုးဒဏ်ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ စာသင်ကျောင်း များ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် သြဂုတ် ဒုတိယအပတ်ကလည်း ရေကြီးရေလျှံမှုဒဏ်ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းဝီးကျေးရွာနှင့် နမ့်ခမ်းမြို့နယ်ကိုဆက်သွယ်ထားသည့် နမ့်ပိုနှင့်နမ့် မားတံတား ရေတိုက်စားကာ ကျိုးကျပျက်စီးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

#ဝဏ္ဏ

#ယနေ့ခေတ်

ရှမ်းပြည်တောင်ပိုင်းတွင် ရေကြီးမှုမှုဖြစ်ပွားပြီး ကားလမ်းပေါ်ရေကျော် ယာဉ်များသွား လာမရဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.